တခန်းရပ်ပြဇာတ် (၁) - Pick up lines
......
မိုးတိမ်ကင်းစင်တဲ့ လကွယ်ည တစ်ညတွင် ဖြစ်သည်။ ရိုက်ကူးရေးသမားများ၊ ဒါရိုက်တာများအားလုံး ကိုယ်စီ ကိုယ့်အခန်းကိုယ် ပြန်နှင့်ပြီ ဖြစ်သည်။ ဖန့်ကျစ်က ဘီယာတစ်ကဒ်ကို ဆွဲရင်း ဝူရှဲ့အခန်းထဲသို့ ဝင်သွားခဲ့သည်။
"ထျန်းကျန်း ... လာ အပျင်းကြီးတဲ့ စာရေးဆရာက သူ့ဇာတ်လမ်း ဆက်ရေးနေတုန်း ငါတို့ အားနေတာ ဘီယာ ဖြစ်ဖြစ် သောက်ရအောင်"
ဖန့်ကျစ်က ပြောပြောဆိုဆိုနဲ့ ဘီယာကဒ်ကို ချပြီး ကြည့်လိုက်တော့ အခန်းထဲတွင် ကျန်းချီလင်၊ ဟေးပိုင် နှင့် လျှိုဆန်းတို့ပါ ရှိနေတာကို တွေ့လိုက်ရသည်။
"ဆန်းအာ မင်းက ဇာတ်လမ်းထဲ မပါဘူးမလား.. ဘယ်လိုလုပ် ရောက်နေတာလဲ?"
"ဘာလို့ရမလဲ? ငါ့ Idol ကို လာအားပေးတာပေါ့ကွ .. ပြီးတော့ စာရေးဆရာကို idol နား ကပ်လို့ရအောင် တခန်း နှစ်ခန်း ထည့်ပေးဖို့ လာပြောတာ"
ဖန့်ကျစ်က ခေါင်းခါလိုက်ပြီး ကြမ်းပြင်တွင် ထိုင်လိုက်ကာ ဘီယာ ဗူးတွေကို ဖောက်ပြီး အားလုံးကို ကမ်းပေးလိုက်သည်။ ဟေးပိုင်က ဝမ်းသာအားရ ဘီယာဗူး လှမ်းအယူ ဝူရှဲ့က တားလိုက်ပြီး
"မနက် မင်းရယ် ငါရယ် ရိုက်ကူးရေး ရှိတယ်မလား မသောက်နဲ့ .. အစ်ကိုလေးရောပဲ"
ထိုအခါ ဖန့်ကျစ်က
"ဟ.. ငါလည်း ရှိပါတယ်ဟ နည်းနည်းပဲ သောက်တာ သောက်သောက် ရော့"
"ဟုတ် ကျေးဇူးပါရှင့်"
ဟေးပိုင်က ဘီယာဗူးယူပြီး မော့သောက်ကာ မျက်နှာ ရှုံမဲ့သွားသည်။ ကျန်းချီလင်ကတော့ သူ့ပုံစံအတိုင်း နံရံကို မှီကာ အေးအေးလူလူပင် ဝူရှဲ့တို့ကို ကြည့်နေခဲ့သည်။ ခဏအကြာ ဘီယာကြောင့် အနည်းငယ် မူးလာတဲ့ ဖန့်ကျစ်က
"ထျန်းကျန်း .. ငါတို့ ဒီအတိုင်းပဲ သောက်နေတာ ပျင်းစရာကြီး ဂိမ်း ဆော့ရအောင်"
"ဘာဂိမ်းလဲ"
"အင်း...... အရက်ဝိုင်းတွေမှာ ဆော့နေကျ ဂိမ်းပေါ့ကွာ True or dare ဂိမ်း"

ESTÁS LEYENDO
UNREMEMBERED
Fanfic"ဝူရှဲ့ မင်းက အမြဲ အရှေ့ကိုပဲ မျက်နှာမူထားတယ် ဒါပေမဲ့ မင်း ဘယ်တော့မှ နောက်ကျောမလုံသလို မခံစားဖူးဘူး.. ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကိုလေးက မင်းအနောက်မှာ အမြဲ ရှိနေလို့ပဲ.." . . နှင်းမခ္တ