အပိုင်း(၄)- အစ်ကိုလေးကို အိမ်ပြန်ခေါ်မယ်

434 48 5
                                        

ရှဲ့အိမ်တော် ခေါင်းဆောင် ရှဲ့ယှီချန်သည် မသေချာသည့် အလုပ်ကို လွယ်လွယ် မှတ်ချက် ချတတ်သူ မဟုတ်။ အကယ်၍ သူဟာ အစ်ကိုလေးက လူသတ်သမား ဟု ပြောလာလျှင် သေချာပေါက် ခိုင်လုံသည့် အကြောင်း ပြချက် တစ်ခုခု ရှိနေပေလိမ့်မည်။ ဝူရှဲ့သည် ရှောင်ဟွား(ရှဲ့ယှီချန်အား ခေါ်သော နာမည်) ၏ ဖုန်းကို လက်ခံ ရရှိပြီးနောက် ချက်ချင်း ပေကျင်းကို ပြန်ဖို့ လေယာဉ် လက်မှတ် ဝယ်ခဲ့သည်။ သို့သော် ချောင်ကျသည့် နယ်စွန် နယ်ဖျား ဖြစ်သောကြောင့် လက်မှတ်က နောက်တစ်ရက်အတွက်သာ ဝယ်ယူလို့ ရခဲ့သည်။

"ထျန်းကျန်းအစ်ကိုလေးက တကယ် ဟော်ဘွားဘွားကို သတ်ခဲ့တဲ့ သူလို့ မင်း ထင်လား"

ဖန့်ကျစ်က ပစ္စည်းများသိမ်းနေရင်း အဝတ်တွေ ခေါက်နေသော ဝူရှဲ့ဆီ လှည့်ကာ မေးလိုက်တော့ ဝူရှဲ့ ခဏမျှ ရပ်တန့်သွားပြီး

"အစ်ကိုလေးက ဘယ်တော့မှ လူသတ်မှာ မဟုတ်ဘူး"

ဝူရှဲ့ ခိုင်ခိုင်မာမာပင် ပြောဆိုကာ အဝတ်တွေ ဆက်ခေါက်နေခဲ့သည်။ ဖန့်ကျစ်က ခေါင်းတဆတ်ဆတ် ငြိမ့်ကာ

"ငါလည်း မယုံလို့တော့ မဟုတ်ဘူး ဒါပေမဲ့ ဘယ်အချက်က ရှောင်ဟွားကို ဒီလို ပြောစေတာ လို့ မင်း ထင်လဲ"

"ငါ မသိဘူးဒါပေမဲ့ ရှောင်ဟွားက ဒီလို ပြောလာရင် သေချာပေါက် အကြောင်းတစ်ခုခု ရှိနေရမယ်.. အစ်ကိုလေးက ပေကျင်းကို ပြန်ရောက်သွားတာလဲ ဖြစ်ချင်ဖြစ်နိုင်တယ်"

"ဒါဆို ငါတို့ဒီမှာ အစ်ကိုလေးကို မရှာတော့တာ သေချာသွားပြီပေါ့"

ဝူရှဲ့က ဖန့်ကျစ်ကို ခေါင်းငြိမ့်ပြရင်း အစ်ကိုလေး အခန်းကို လှမ်းကြည့်လိုက်သည်။ ပိုင်ရှင်မဲ့နေသည့် တိတ်ဆိတ်လွန်းသည့် အခန်းငယ်လေး။

လွန်ခဲ့သည့် တစ်နှစ်လုံးလုံး သူတို့ ယှီရွာမှာ အခြေချ နေထိုင်ခဲ့သည်။ ပျော်စရာများ ၊ နေ့စဉ်ဘဝ ချမ်းမြေ့စရာများနဲ့ အချင်းချင်း စနောက် ပြောဆိုရင်း အေးအေးချမ်းချမ်း နေထိုင်ခဲ့သည်။ ဒီအိမ်လေးကိုပင် ဝူရှဲ့ဟာ အပိုင်ဝယ်လိုက်သည်အထိ သူတို့ အိမ်အဖြစ် သတ်မှတ်ခဲ့ကြသည်။ သူတို့၏ အိမ်၊ အစ်ကိုလေး၏ အိမ်ပင်။

UNREMEMBEREDМесто, где живут истории. Откройте их для себя