အပိုင်း (၁၁)- အတု နှင် အစစ်
..................
ဟော်အိမ်တော်၏ ကျွမ်းကျင်သော လုပ်ကြံသူများ ဖွဲ့စည်းထားသည့် ရှေ့ပြေး ထောက်လှမ်းရေးအဖွဲ့သည် တောအုပ်အတွင်းမှ ဝမ်ဖန့်ကျစ်၏ အိမ်ကို ခဏလေးအတွင်း ရှာဖွေတွေ့ရှိသွားသည်။ လုပ်ကြံရေးသမားများသည် တောအတွင်းမှ ဖန့်ကျစ် ဆင်ထားသော ထောင်ချောက်များကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ပြီးနောက် နောက်ဆုံးတွင် ဖန့်ကျစ်၏ အိမ်အတွင်းသို့ ဝင်ရောက်လာသည်။ သို့သော် အချက်ပေးစနစ်ကြောင့် ဝမ်ဖန့်ကျစ်တို့က ထွက်ပြေးသွားကြပြီး လုပ်ကြံရေးသမားများသည် အိမ်အတွင်း လှည့်ပတ်ရှာကြသည်။ လုံခြုံမှုကို စိတ်ချရတော့မှ အကြီးအကဲ ခေါင်းဆောင် ဟော်လန်သည် အိမ်အတွင်း ဝင်ရောက်လာပြီး သဲလွန်စများကို ရှာဖွေနေသော သူများကို မေးသည်။
"ကျန်းချီလင်ရဲ့ အရိပ်အယောင်ကို တွေ့လား"
"အိမ်ပုံစံက လူနေတဲ့အရိပ်အယောင် မတွေ့ပေမဲ့ မီးဖိုစားပွဲပေါ်က ပန်းကန်နှစ်ခုအရ ထမင်းစားနေတုန်း ထွက်ပြေးသွားတဲ့ ပုံပါပဲ..ကြည့်ရတာ လူနှစ်ယောက်ပဲ ရှိတယ် ထင်ပါတယ် အကြီးအကဲ"
"သူတို့ ဝေးဝေး မပြေးနိုင်ဘူး အနောက်ကနေ လိုက်.. သေချာပေါက် ကျန်းချီလင်က သူတို့နဲ့အတူ ရှိလိမ့်မယ်"
ဟော်လန်သည် ပြတင်းပေါက်နားသို့ သွားရပ်ပြီး ဝူရှဲ့ လွှင့်ပစ်လိုက်သည့် ထမင်းပန်းကန် တစ်ခုကို ယပ်တောင်ဖြင့် ညွှန်ပြရင်း အမိန့်ပေးသည်။
"အရှင် ဖမ်းလို့ ရအောင် ဖမ်းခဲ့"
"ဟုတ်!!!!"
ဖြတ်လတ်သော လုပ်ကြံရေး သမားများသည် အိမ်အတွင်းမှ တဟုန်ထိုး ပြေးထွက်သွားပြီး တောအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ဟော်မျိုးနွယ်စု၏ လုပ်ကြံသူများသည် မျိုးနွယ်စုကိုးခုအတွင်း အသွက်လက်ဆုံးနှင့် အမြန်ဆုံး လုပ်ကြံရေးသမားများ ဖြစ်ရာ ကျန်းချီလင် ဖြစ်နေလျှင်တောင် ထို လုပ်ကြံသူများ စုပေါင်းတိုက်ခိုက်ပါက အနိုင်ရဖို့ မဖြစ်နိုင်။
တောလမ်းတစ်နေရာတွင် ဝူရှဲ့၊ ဖန့်ကျစ်နှင့် ကျန်းချီလင်တို့က အသည်းအသန် ထွက်ပြေးနေကြပြီး တောနက်သည်ထက် နက်လာကာ စမ်းချောင်းအသေး ရှိသည့် နေရာသို့ပင် ရောက်လာကြသည်။
VOCÊ ESTÁ LENDO
UNREMEMBERED
Fanfic"ဝူရှဲ့ မင်းက အမြဲ အရှေ့ကိုပဲ မျက်နှာမူထားတယ် ဒါပေမဲ့ မင်း ဘယ်တော့မှ နောက်ကျောမလုံသလို မခံစားဖူးဘူး.. ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကိုလေးက မင်းအနောက်မှာ အမြဲ ရှိနေလို့ပဲ.." . . နှင်းမခ္တ
