Edit-ဒါလေးကိုoc characterတွေကနေ Taekookလေးပြောင်းလိုက်ပါတယ်
With love
{I'm Here}...................................................................
[ မကြောက်ပါနဲ့..ကိုယ်ကမင်းထင်ထားသလိုလူမဟုတ်ရပါဘူး..ကိုယ့်ကိုယုံပေးပါနော်...
မင်းစိတ်မရှိရင် ကိုယ်အခုပဲထွက်သွားပေးပါ့မယ်
တစ်ခုပဲ...တစ်ခုပါပဲ...
မင်းအနီးနားတစ်ဝိုက်မှာတော့နေခွင့်ပေးပါ..]ဧပြီလ13ရက်;2015
"ဟဲ့...အိိုဟိုမှာကြည့်ပါအုံးသူလေ..မချောဘူးလား"
"ဟီးဟီး"
"သူကချစ်ဖို့လည်းကောင်းတယ်ရော်"
သူ့ကိုတိုးတိုးတစ်မျိုးကျယ်ကျယ်တစ်မျိုးချီးကျူးနေတဲ့မိန်းကလေးသုံးယောက်ဆီကိုအကြည့်တစ်ချက်လွှတ်ပေးလိုက်တော့ရှက်သွေးတေဖြာကာမျက်လွှာချသူကချသူ့ကိုအကြည့်လွှဲသူကလွှဲဖြစ်သွားကြသည်။
ကျွန်တော်က ကင်မ်ထယ်ယောင်း..
ကျောင်းသားတစ်ယောက်ပါ သာမန်အထက်တန်းကျောင်းသားလေး...။
ကျွန်တော့်ရုပ်ရည်ကတော့ အချောကြီးလည်းမဟုတ်ပေမယ့်နည်းနည်းတော့ကြည့်ကောင်းတာပေါ့နော်...။
ကျွန်တော်ကစာတော့သိပ်မတော်ဘူး...ဒီတိုင်းအလယ်အလတ်လောက်ပါပဲ ။
ဒါမဲ့ကျွန်တော့်ရဲ့ဘဝကြီးက စိတ်ချမ်းသာစရာတော့ကောင်းနေပါသေးတယ်...။တအားကြီးပူပြင်းနေသည်လဲမဟုတ်ပေမဲ့အပူရှိန်လေးရှိနေတဲ့ရာသီဥတုကြောင့်စာလုပ်ရသည်မှာသက်တောင့်သက်သာမရှိပေ။
ထယ်ယောင်းသူ့ရဲ့အင်းကျီကိုစိတ်မရှည်သလိုဆွဲကာလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။အာခေါင်ခြောက်လာသည်မို့ရေဗူးကိုကောက်ကိုင်လိုက်တော့..ပေါ့ရွှတ်နေကာရေတစ်စက်မှမကျန်တော့..။ဘေးကမှောက်အိပ်နေတဲ့ကောင်ကိုလှုပ်နှိုးကာ ရေရှိသေးလားမေးတော့ ဟိုက"မင်းသောက်လိုက်တာငါ့ရေဗူးလေ"လို့မှုန်ကုပ်ကုပ်နဲ့ဖြေသည်။
ထယ်ယောင်းလည်းအာခေါင်တအားခြောက်လာသည်မို့ အခန်းဘေးက watercolorဆီကိုထွက်လာခဲ့လိုက်သည်။လက်ထဲကရေဗူးအခွံကိုလည်းလေထဲလှုပ်ယမ်းကာဆော့နေသေးသည်။ အခန်းထဲမှာပူနေသလောက်အပြင်ကိုထွက်လာမှအပူရှိန်အနည်းငယ်လျော့သွားသယောင်တောင်သူထင်မိသည်။

ВЫ ЧИТАЕТЕ
𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)
Любовные романыမင်းငါ့ကိုသတိမထားမိခဲ့ခင် ဟိုးးးအရင်ကတည်းကမင်းအနားမှာ... ငါကပ်ပါးတစ်ကောင်လိုတွယ်ကပ်လာခဲ့တာ...ထယ်ယောင်း... Both Unicode and Zawgyi available. Photo is from pinterest credit to the artist. Edit-Taekook