"ဂျောင်ကု..ရေ"
"ဂျောင်ကု...."
"မင်းကငါဒီလောက်လေးပြောလိုက်ရုံနဲ့ငါ့ကိုထားသွားရလားကွာ"
"ဂျောင်ကု....ငဒူကောင်လေး"
"မင်းငါ့ဆီကိုတစ်သက်လုံးပြန်မလာနဲ့တော့နဲ့!!....ပြန်လာရင်ငါမင်းကိုစောင့်ကန်ထုတ်ပစ်မယ်!!"
ဂျောင်ကုသူ့ကိုထားသွားတာတစ်ပါတ်ရှိပြီ။တစ်ပါတ်တောင်ရှိပြီ။
ထယ်ယောင်းတစ်ယောက်အိပ်ယာပေါ်မှာလှဲနေကာမျက်နှာကျက်ကြီးကိုစိုက်
ကြည့်ပြီး ဂျောင်ကု ချင်းထပ်အောင်ရေရွတ်နေလေသည်။သူ့မျက်ဝန်းတွေဟာညိုမဲကာပိန်ချိုင့်နေပြီးနှုတ်ခမ်းတွေကခြောက်နေသည်။
သူဒီတစ်ပါတ်အတွင်းမှာထမင်းသေချာမစားခဲ့ပေ။ကြုံရာကျပန်းသာဖြစ်သလိုစားခဲ့သည်။မနက်စာနဲ့နေ့လည်စာကိုပေါင်းစားသည်။ဒါမှမဟုတ်ရင်သူညစာကျမှခေါက်ဆွဲဗူးပြုတ်သောက်ပြီးတစ်နေကုန်snackတွေနဲ့သာဗိုက်ဖြည့်သည်။
ဂျောင်ကုများအကြွေးရှင်တွေလက်ထဲပါသွားပြီလားသူအရမ်းစိုးရိမ်နေသည်။
အကြွေးရှင်တွေကချယ်မင်းကိုများတစ်ခုခုလုပ်လိုက်လေပြီလား။သူစားမဝင်အိပ်မပျော်ချေ။သူ့အခြေအနေကသားပူမိနေတဲ့အမေလို၊လင်ပူမိနေတဲ့မယားလိုဖြစ်နေသည်။
ဂျောင်ကုကမင်ဆော့လာတာကိုမကြိုက်မှန်းသူသာအစကတည်းကရိပ်မိရင်ဒီလိုဖြစ်မှာမဟုတ်ဘူး။သူ့အပြစ်တွေပဲ။သူတုံးလို့အခုလိုဖြစ်သွားရတာ။ဂျောင်ကုသူ့ကိုထားသွားတာကသူ့ကြောင့်ပဲ။သနားစရာဂျွန်လေးအခုတော့ဘယ်တွေများရောက်နေမလဲမသိဘူး။
"ငါ့ဆီပြန်လာပါဂျွန်ရာဒီhyungကမင်းကိုတောင်းပန်ပါတယ်"
~~~~~~~~~~~~~~~~~~~~~~~~~~
ဂျောင်ကုတစ်ပါတ်လုံးသူ့အိမ်မှာသူပျော်ရွှင်စွာနေထိုင်ခဲ့သည်။Hyungဆီကိုသူပြန်သွားလို့ဖြစ်ပါ့မလားလည်းစဥ်းစားခဲ့သေးသည်။Hyungများသူ့ကိုပြန်လက်ခံပါ့မလား။သူ့ကိုမုန်းသွားပြီလား။သူhyungအပေါ်မှာခံစားချက်တွေရှိနေတာကိုhyungကကြိုက်မှာမဟုတ်ဘူး။
ESTÁS LEYENDO
𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)
Romanceမင်းငါ့ကိုသတိမထားမိခဲ့ခင် ဟိုးးးအရင်ကတည်းကမင်းအနားမှာ... ငါကပ်ပါးတစ်ကောင်လိုတွယ်ကပ်လာခဲ့တာ...ထယ်ယောင်း... Both Unicode and Zawgyi available. Photo is from pinterest credit to the artist. Edit-Taekook