Part.4

914 111 0
                                    

"ထယ်ယောင်း ရေထတော့လေ"

အိပ်ရေးမဝသေး၍မျက်လုံးတို့ကိုမဖွင်ချင်သေးသော်လည်းလက်မောင်းတစ်ဖက်ကိုလှုပ်ကာနှိုးနေသောသူကြောင့်မျက်ခွံတို့ပွင့်လာရ၏။

သူ့ကိုအပေါ်ကနေမိုးကြည့်နေသော
ဂျောင်ကုရယ်ပါ။

"အင်းထပြီထပြီ..."

"ဟီးဟီး.."

"အံမယ်မင်းကဘာလို့ရယ်တာလဲ"

"ကိုယ်သဘောကျလို့"

"အဟမ်း..ဂျောင်ကုငါကမင်းထက်ပိုအသက်ကြီးတယ်နော်..."

"ကိုယ်သိတယ်လေ"

"အဲ့ကိုယ်ဆိုတာကြီးကိုမကြိုက်တာ"

"ဘာလို့လဲ"

"ကျစ်!...ဂျွန်ဂျောင်ကု.."

"ခစ်ခစ်ခစ်"

ကြည့်သူ့ကိုမအော်တော့တခစ်ခစ်ရယ်နေတာ၊အော်သာအော်ကြည့်တအိအိနဲ့ငိုအုံးမှာ။ကျွန်တော်မနေ့ညကသူ့ကိုရဲစခန်းပို့ပြီးသူ့အကြောင်းစုံစမ်းဖို့ ကိစ္စကဘာလို့ပျက်သွားလဲသိလား။
ရုတ်တရတ်ကြီးသူ့ရင်ဘတ်သူလက်နဲ့
ဖိရင်းမေ့လဲသွားတဲ့ဂျောင်ကုကြောင့်လေ။လုံးဝသတိမမေ့ခင်မှာသူကကျွန်တော့်ကိုပြောတယ်ကျေးဇူးပြုပြီးသူ့ကိုအဝေးကိုမပို့ပါနဲ့တဲ့သူ့ကိုလိုက်ဖမ်းနေတဲ့ကြွေးရှင်တွေရှာတွေ့ရင်ရိုက်သတ်ခံရမှာကြောက်လို့ပါတဲ့လေ။

ကျွန်တော်လည်းဒီကောင်လေးကိုသနားတာနဲ့ရဲစခန်းမသွားဖြစ်တော့ဘူး။လဲကျနေတဲ့သူ့ကိုချီပြီးကုတင်ပေါ်မှာအိပ်ခိုင်းလိုက်တယ်။အဲ့တုန်းကကျွန်တော်သူ့ကိုဘာလုပ်ပေးရမယ်မှန်းမသိဘူး။ဆေးရုံပဲခေါ်သွားရမလား။အိမ်မှာပဲထားရမလား။ပြာယာတေခပ်လို့။

သူ့နှာခေါင်းနားလက်တေ့ပြီးအသက်ရှူနေသေးလားမရဲတရဲစမ်းကြည့်တော့မရှူဘူးဗျ။ကျွန်တော့်နှလုံးကြီးဒိန်းခနဲတုန်လှုပ်သွားတာ။နောက်တော့မှသူ့ရဲ့ဖြူစုတ်နေတဲ့နှုတ်ခမ်းပါးနှစ်လွှာကခပ်ဟဟလေးဖြစ်နေတော့မှသူပါးစပ်နဲ့အသက်ရှူနေသေးတယ်ဆိုပြီးရင်အေးသွားရတာ။သူ့မှာထိပ်ကပ်နာရှိနေလို့နေမှာ။

သူ့ရဲ့မျက်နှာကသွယ်သွယ်လေးပါပဲ။မျက်ခုံးတန်းတွေကအညိုရောင်ဖျော့တော့တော့သူ့မျက်ဝန်းတွေကလည်းအညိုရောင်တွေပဲ။မျက်တောင်ညိုညိုတွေကဖြောင့်ဆင်းနေပါရော။
ဆံပင်တွေကသာနက်နေတာ။

𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now