ကျွန်တော်ဂျွန့်ကိုကြည့်နေရင်းနဲ့ကိုပိုတိုးပြီးချစ်လာတာ။သူ့ရဲ့ဖြူဖျော့ဖျော့လက်သွယ်သွယ်တွေကိုလည်းကျွန်တော်ကြိုက်တယ်။ဖျော့တော့နေတဲ့နှုတ်ခမ်းပါးတွေကပြုံးတတ်တဲ့အတောက်ပဆုံးအပြုံးလေးတွေကိုလည်းကျွန်တော်မြတ်နိုးတယ်၊ဗီဒီယိုအဟောင်းလေးတစ်ပုဒ်ကိုကြည့်ရသလိုပဲထပ်ခါထပ်ခါမြင်ချင်နေမိတယ်။သူ့ရဲ့ဖြစ်တည်မှုလေးကကျွန်တော့်အတွက်တော့ဘုရားပေးတဲ့ဆုလာဒ်ပါပဲ။
ကျွန်တော်သူ့ရဲ့အေးစက်စက်ခန္ဓာကိုယ်ကိုဖက်ပြီးကျွန်တော့်ကိုဘယ်တော့မှထားမသွားရဘူးနော်လို့အကြိမ်ကြိမ်
ကတိတွေပေးခိုင်းခဲ့တယ်။သူကကျွန်တော့်အတွက်တော့တိမ်စိုင်လေးတစ်ခုလိုပဲ။သူပျောက်ကွယ်သွားမှာကိုကျွန်တော်ကြောက်တယ်။ကျွန်တော့်ကိုထားသွားမှာလည်းကြောက်တယ်။ဘာလို့ဆိုသူ့ကိုကျွန်တော်အရမ်းချစ်တာလေ။ဒီဘဝတစ်လျှောက်လုံးကျွန်တော်လူတစ်ယောက်ကိုချစ်မိလိမ့်မယ်လို့မထင်ထားခဲ့ဘူး။အမှန်တော့ကျွန်တော်အချစ်ဆိုတဲ့စကားလုံးရဲ့
အဓိပါယ်ကို သူစိမ်းတစ်ယောက်ဆီမှာခံစားမိမယ်လို့မထင်ခဲ့ပါဘူး။လူတွေပြောပြောနေကြတဲ့အချစ်ဆိုတဲ့စကားလုံးကြီးကိုကျွန်တော်သူစိမ်းတစ်ယောက်အပေါ်မှာတစ်ခါမှမခံစားခဲ့ဖူးဘူး။
ကျွန်တော့်မိဘတွေနဲ့အဒေါ်ကိုချစ်တယ်၊ဒါကသူတို့ကကျွန်တော့်သွေးသားရင်းဆွေမျိုးတွေမို့လို့လေ။နောက်ပြီးမင်ဆော့ကိုကျညီအစ်ကိုတစ်ယောက်လိုချစ်တာ၊သူကငယ်ငယ်တုန်းကတည်းကကျွန်တော့်သူငယ်ချင်းလေ၊ကျွန်တော်တို့နှစ်ယောက်ကစားအတူသွားအတူနဲ့ပုခုံးဖက်ပေါင်းလာတဲ့ဆိုးဖော်ကောင်းဖက်သူငယ်ချင်းမို့လို့။
ဂျွန်ကသူစိမ်းတစ်ယောက်။သူ့ရဲ့အကြောင်းတွေကိုကျွန်တော်ဘာတစ်ခုမှမသိခဲ့ဘူး။ဒါပေမဲ့လို့အဲ့သူစိမ်းကိုစစတွေ့ခြင်းကတည်းကကျွန်တော့်ရင်ထဲမှာအမျိုးအမည်မသိတဲ့ခံစားချက်ကြီးဝင်ရောက်လာခဲ့တာ။သူ့ရဲ့အညိုရောင်မျက်ဝန်းတွေကိုကျွန်တော်ဟိုးးအရင်ကတည်းကရင်းနှီးနေသလိုမျိုး။သူ့ရဲ့နောက်ကျောကိုလည်းကျွန်တော်မှတ်မိ
နေသလိုမျိုး။ဂျွန်ကကျွန်တော့်အတွက်တော့အရမ်းတန်ဖိုးထားရတဲ့လူသားလေးပါပဲ။

KAMU SEDANG MEMBACA
𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)
Romansaမင်းငါ့ကိုသတိမထားမိခဲ့ခင် ဟိုးးးအရင်ကတည်းကမင်းအနားမှာ... ငါကပ်ပါးတစ်ကောင်လိုတွယ်ကပ်လာခဲ့တာ...ထယ်ယောင်း... Both Unicode and Zawgyi available. Photo is from pinterest credit to the artist. Edit-Taekook