Part.6

773 94 0
                                    

Juneလ.19ရက်.2018

ကောင်းကင်ကြီးကညို့မှိုင်းကာမိုးတွေတဖွဲဖွဲရွာနေလေသည်။ TVသတင်းမှာလာနေတာကတော့seoulမြို့မှာဒီနှစ်မိုးဦးကျစောလိမ့်မယ်တဲ့လေ။သူအခန်းထောင့်ကိုတစ်ချက်ကြည့်မိတော့။
မှန်ပြတင်းပေါက်နားမှာတွဲလွဲခိုကာစီးကျနေသောမိုးရေစက်တွေကိုငေးကြည့်နေသောဂျောင်ကု။လက်ချောင်းသွယ်သွယ်ဖြူဖြူတို့ကလည်းမှန်ပေါ်မှာကစားကာနေလေသည်။

စားပွဲပုလေးပေါ်မှာမနက်စာထမင်းနဲ့ကြက်ဥကြော်ကိုစားရင်း သူပြတင်းပေါက်နားမှာထိုင်နေတဲ့ဂျောင်ကုကိုကြည့်မိသည်။

သက်ပြင်းတစ်ချက်ချကာစားလက်စကိုဆက်စားပြီးပန်းကန်တွေကိုဆေးပြီး
ရေစစ်ထားလိုက်သည်။

ထို့နောက်TVကိုပိတ်ကာအပြင်ထွက်ရန်မိုးကာဝတ်လိုက်သည်။ကျောင်းသွားရအုံးမှာမဟုတ်လား။ရှူးဖိနပ်အဖြူလေးစွတ်ကာတံခါးဖွင့်လိုက်သည်။တံခါးပြန်မပိတ်ခင်သူချယ်မင်းကိုလှည့်ကြည့်ဖို့မမေ့ခဲ့ပါလေ။

ဂျောင်ကုကအခုကျွန်တော်နဲ့အတူတူနေတာတစ်လကျော်လောက်ရှိသွားပြီ။သူကအခုထိကျွန်တော့်အိမ်စရောက်တုန်းကလိုပဲတီရှပ်အဖြူနဲ့ခဲရောင်ဘောင်းဘီရှည်ကိုဝတ်ထားတုန်း။

ဒီတစ်လကျော်လုံးသူကထမင်းမစား၊ရေမသောက်၊ရေမချိုး၊အဝတ်အစားမလဲပဲနေလာခဲ့တယ်လို့ကျွန်တော်ပြောရင်ခင်ဗျားတို့ယုံမလား။
ကျွန်တော်ထင်တာကတော့ဒီကောင်လေးကလူထူးဆန်းများဖြစ်နေမလားမသိဘူး။

အဲ့လိုမစားမသောက်ရေမချိုးမိုးမချိုးနေလို့လည်းသူကဘာမှမဖြစ်ဘူးရော်။သူ့ ကိုယ်ကအလုံးလည်းမလျော့ဘူး၊အရပ်လည်းမလျော့ဘူး။သွေးမရှိသလို
မျက်နှာကလည်းချောင်ကျမသွားဘူး။
အံ့သြပါ့!။သူ့ကိုယ်ကနံလားဆိုတော့လည်း အနံ့ဆိုလို့ဘာနံ့မှကိုမရတာ။
လူတွေမှာကိုယ်သင်းနံ့တို့၊ချွေးနံ့တို့၊ရေမွှေးနံ့တို့ရှိကြတယ်မလား။သူ့ဆီကတော့ဘာအနံ့မှမရတာ။

စစချင်းတော့ကျွန်တော်လည်းကြောင်သွားတာပေါ့။ကျွန်တော်သူ့ကိုစားစရာတစ်ခုခုကျွေးတိုင်းသူကအကြောင်းအမျိုးမျိုးပြတယ်လေ။

𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Место, где живут истории. Откройте их для себя