မနေ့ကထယ်ယောင်းငေါက်တာခံရသွားသဖြင့်ဂျောင်ကုသူ့အိမ်ကိုသူပြန်
လာခဲ့သည်။တိုက်ခန်းတွေကနေလမ်းမတွေကနေသူဖြတ်လာခဲ့ပြီးနောက်လုံးချင်းအိမ်တွေပဲရှိတဲ့လူနေရက်ကွက်လေးဆီကိုရောက်လာခဲ့သည်။
အရင်တုန်းကလိုပဲနွေးထွေးတဲ့အိမ်လေးကသူ့ကိုစောင့်ကြိုနေလေတယ်။သူခြံတံခါးကိုဖြတ်ဝင်လာကာအိမ်ရှေ့ဖိနပ်ချွတ်ကိုရောက်တော့ခဏရပ်ပြီးစီရီထားတဲ့ဖိနပ်စင်အသေးလေးကိုကြည့်မိသေးတယ်။
သူ့ရဲ့အိမ်စီးဖိနပ်အဝါကိုဖိနပ်စင်မှာတွေ့လိုက်ရတော့ဝမ်းနည်းလာမိသည်။
သူအိမ်ထဲကိုအကဲခတ်ကြည့်တော့ဘယ်သူမှမတွေ့ရ။အာ့ကြောင့်သူလည်းအိမ်ထဲဝင်လာခဲ့သည်။
မီးဖိုချောင်မှာအသံတွေကြားနေရ၍သူနောက်ဖေးကိုဝင်ကြည့်မိတော့..
သူ့အမေကဟင်းချက်နေလေသည်။
ပဲပြားအဖြူတွေကိုလှီးကာပွက်ပွက်ဆူနေတဲ့ဟင်းရည်အစပ်အိုးထဲကိုထည့်နေလေသည်။
ဘာရယ်မဟုတ်ချယ်မင်းသူ့အမေကိုကြည့်ပြီးငိုချင်လာသည်။
သူ့ညီကသင်တန်းကိုသွားတယ်ထင်တယ်။သူ့အမေကအိမ်မှာတစ်ယောက်ထဲရယ်။အရင်လိုချယ်မင်းအမေ့အနားမှာနေပြီးဟင်းကူချက်မပေးနိုင်တော့ချေ။အမေဟင်းချက်နေတဲ့အနားမှာစကားတေသွားမပြောနိုင်တော့ချေ။
သူ့အမေအရမ်းအထီးကျန်နေမှာ။
မင်ဂုကအရင်ကတည်းကအိမ်ကိုကပ်တာမဟုတ်ဘူး။သူပဲအမေ့အနားမှာအဖော်ရှိနေပေးတာ။သူ့အမေနားကိုဖြည်းဖြည်းလေးလျှောက်သွားကာသူ့အမေကိုနောက်ကျောကနေဖက်လိုက်သည်။
"သားကိုခွင့်လွှတ်ပါ"
"တာဝန်မကျေတဲ့သားကိုခွင့်လွှတ်ပေးပါ"
"ဒါပေမဲ့အမေ...သားလေhyungနဲ့အတူတူနေနိုင်ပြီသိလား....hyungကကျွန်တော့်အပေါ်အရမ်းကောင်းပေးတယ်...ကျွန်တော်hyungနဲ့နေ နေရလို့အရမ်းပျော်တယ်...အဲ့ဒါကြောင့်အမေကဝမ်းမနည်းပါနဲ့တော့နဲ့နော်...."
သူ့အမေကသူ့စကားတွေကိုမကြားနိုင်တာသိရက်နဲ့တင်သူပြုံးရင်းထပ်ပြောမိသည်။
![](https://img.wattpad.com/cover/270025527-288-k694829.jpg)
YOU ARE READING
𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)
Romanceမင်းငါ့ကိုသတိမထားမိခဲ့ခင် ဟိုးးးအရင်ကတည်းကမင်းအနားမှာ... ငါကပ်ပါးတစ်ကောင်လိုတွယ်ကပ်လာခဲ့တာ...ထယ်ယောင်း... Both Unicode and Zawgyi available. Photo is from pinterest credit to the artist. Edit-Taekook