Part.16

495 71 0
                                    


ဒီနေ့တစ်မနက်လုံးမင်ဆော့သုံးနာရီခွဲမြန်မြန်ရောက်ဖို့သာတွေးနေသည်။
မင်ဂုနဲ့တွေ့ရဖို့ကိုမစောင့်နိုင်တော့ဘူး။မင်ဂုကိုလည်းတွေ့ချင်သေးတယ်ဟူးး။

"မင်ဆော့လေး...ဘာတွေဖြစ်နေတာလဲ"

ရှင်းဝူဆိုတဲ့ကောင်ကကျွန်တော့်ပုခုံးကိုဖက်ပြီးလာပွတ်နေသေးတယ်သူ့လက်တွေနဲ့။

'ခွေးမသား.'

ကျွန်တော်စိတ်ထဲကပဲကျိန်ဆဲလိုက်တယ်။အဲ့ကောင်နဲ့ပြဿနာသိပ်မဖြစ်ချင်ဘူး။

သူ့လက်တွေကိုကျွန်တော်မသိမသာဖယ်လိုက်တော့စွမြင်ကတ်ဖို့ကောင်းအောင်သူကပြုံးပြတယ်။

တကယ်ပါအဲ့ကောင်နဲ့အဆောင်တူတူနေရတာလဲစိတ်ဆင်းရဲစရာကောင်းတယ်။အားနေရင်ယားနေတာ။

"ငါ့ဘာသာငါနေပါရစေကွာ."

"ဘာလဲမင်ဆော့ကအခုထိကိုယ့်ကိုမကြည်ဖြူဘူးပေါ့"

'မင်းဖင်ကိုကြည်ဖြူရမှာလား!။'

"ငါသာမကြည်ဖြူရင်လွန်ခဲ့တဲ့လတွေကတည်းကမင်းဆေးရုံမှာဆန်ပြုတ်သောက်နေရလောက်ပြီ...သိရဲ့လား..."

"Wow...မင်ဆော့ကလည်းကိုယ်ကစတာကို..."

"မင်းငါ့ကိုစကားပြောရင်လက်မပါပဲပြောလို့မရဘူးလား"

"မင်ဆော့ကချစ်ဖို့ကောင်းလို့ပါ..ဟဲဟဲ "

"အဲ့တော့ဘာဖြစ်လဲ...မင်းငါ့ကိုကြိုက်ရတာမငြီးငွေ့သေးဘူးလားရှင်းဝူ"

"No..No..ဘာလို့ငြီးငွေ့ရမှာလဲ"

"ငါမှမင်းကိုမကြိုက်တာ...မင်းလည်းတစ်ခြားတစ်ယောက်ကိုပြောင်းကြိုက်သင့်တယ်မထင်ဘူးလား"

ကျွန်တော်အဲ့လိုလည်းပြောရောရှင်းဝူမျက်နှာကဇီးရွက်လောက်ပဲရှိတော့တယ်။

"မင်ဆော့မင်းပြောရက်တယ်နော်"

"ဟေ့ဟေ့ငါကမင်းနစ်နာမှာစိုးလို့ပြောတာကွ...ငါ့ကိုကြိုက်နေရင်မင်းအရိုးဆွေးသွားရုံပဲရှိမှာ"

"ဘာလို့လဲ?ငါ့ကိုဘာလို့ပြန်မကြိုက်နိုင်ရတာလ"

'ငါအဲ့ကောင်ကိုစွမြင်ကတ်တယ်။တကယ်ကိုမှပဲ။'

𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now