Part.10

582 69 0
                                    

ကိုယ်မင်းအနားကနေခဏလောက်ထွက်သွားပါ့မယ်။ခဏလေးပါပဲ

(Deee!!!...Deee!!!)

ဖုန်းလာနေတဲ့အသံကြောင့်ထယ်ယောင်းအာရုံတေပြန့်လွင့်နေရာမှပြန်သတိကပ်သွားသည်။

သူနဲ့ဂျောင်ကုနဲ့ခုနကလေးတင်စကားကတောက်ကဆဖြစ်သွားခဲ့သည်မလား။အခုဂျောင်ကုလည်းဘယ်ရောက်သွားမှန်းသူမသိ။

ဖုန်းကိုကောက်ကိုင်ကာ

"Hello"

"Hey!...sleppy head ငါတို့မင်းဆီကိုလာနေပြီမို့အဆင်သင့်ပြင်ထား"

"Breakfast သွားစားကြမယ်"

ထယ်ဖွန်းရဲ့ခပ်မြူးမြူးအသံနဲ့အတူ
ဆွန်းယောင်းရဲ့အသံကိုပါတစ်ဆက်ထဲကြားရသည်။

သူ"ommm"လို့ပဲပြန်ပြောပြီးဖုန်းချကာအိပ်ယာပေါ်မှာငူတူတူငိုင်တိုင်တိုင်ကြီးဖြစ်နေလေတယ်။

မျက်လုံးဝိုင်းကြီးတွေနဲ့နံရံကိုသူစိုက်
ကြည့်ကာစောနကသူစိတ်လွတ်သွားတဲ့အကြောင်းကိုပြန်တွေးနေမိသည်။

"မင်းလိုကောင်တဲ့....အားးးထယ်ယောင်း
မင်းကအရမ်းအသိညာဏ်မဲ့သွားပြီ"

သူစကားလုံးတစ်ချို့ကိုစိတ်ပျက်စွာရေရွတ်ပြီးအားအင်မဲ့စွာကိုယ်ကိုအိပ်ယာပေါ်သို့လှဲချပစ်လိုက်သည်။

"ဂျောင်ကုရေ..ဂျောင်ကုရေငါတောင်းပန်ပါတယ်...ငါရူးသွားလို့ပါ"

သူမျက်နှာကျက်ကြီးကိုစိုက်ကြည့်ကာတိုးညှင်းသောအသံဖြင့်ရေရွတ်လိုက်သည်။

---------------------------
"စားလေ..."

"အွင့်...မင်းစားပါကွာ"

"ရော့ပါးစပ်လေးဟ...အာာ"

"အာာာ..."

သူ့ရှေ့မှာသောက်ရမ်းတွေဖြစ်ပျက်ပြနေတဲ့သမီးရည်းစားတွေကိုထယ်ယောင်းလျစ်လျူရှူ့ထားလိုက်သည်။

လက်ထဲကsalmon sandwichကိုသာတစ်ကိုက်ချင်းကိုက်ပြီးဝါးလိုက်၊မြိုချပြီး၊ချောကလက်ပူပူလေးသောက်လိုက်နှင့်သာပါးစပ်လေးကိုအလုပ်ပေးနေလေသည်။

ထယ်ဖွန်းနဲ့ဆွန်းယောင်းကထယ်ယောင်းနဲ့မျက်နှာချင်းဆိုင်ထိုင်ခုံမှာထိုင်နေတာဖြစ်သည်။

𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Место, где живут истории. Откройте их для себя