Part.8

573 79 0
                                    

"ဂျောင်ကုဒီနားကိုခဏလာပါအုံး"

သူနဲ့ခပ်ဝေးဝေးမှာထိုင်နေတဲ့ဂျောင်ကု
ကိုလှမ်းခေါ်ရသည်။ အဲ့တော့မှကိုယ်တော်လေးကသူ့အနားလာကပ်ထိုင်တယ်။

"ဘာဖြစ်လို့လဲထယ်ယောင်း"

"Ommmခဏပဲမင်းမျက်နှာကိုငါသေချာကြည့်ချင်လို့"

ပြောလည်းပြောလက်နှစ်ဖက်နဲ့လည်းဂျောင်ကုရဲ့မျက်နှာသွယ်သွယ်ကိုအုပ်ကိုင်ထားသည်။ ထယ်ယောင်းရဲ့ ရုတ်တရတ်ဆန်သောအပြုအမူကြောင့်ဂျောင်ကုမှာကျောက်ရုပ်ကလေးတစ်ရုပ်လိုတောင့်တောင့်လေးဖြစ်သွားလေသည်။

မျက်လုံးကိုသေချာစိုက်ကြည့်နေတဲ့အပြင်မျက်နှာနှစ်ခုကအလွန်နီးကပ်နေပြီဖြစ်သည်။

သူ့ကိုသေချာစိုက်ကြည့်နေတဲ့မျက်ဆံအိမ်နက်နက်လေးတွေကဝိုင်းစက်နေကာအဖျားကော့ညွှတ်နေသောမျက်တောင်ရှည်ရှည်တွေနဲ့ဝန်းရံကာထားတယ်။မျက်ခုံးတန်းမျှင်မျှင်လေးကကျုံ့ထားကာအာရုံစိုက်နေလေတယ်။ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေးကလည်းပွစိပွစိနဲ့ဘာတွေပြောနေမှန်းမသိ။ချွန်ပြီးထိပ်လေးမှာလုံးနေတဲ့နှာခေါင်းလေးကိုကိုက်ချင်လိုက်တာ။

လက်နုနုသေးသေးလေးတွေကသူ့မျက်နှာအနှံ့ကိုထိတွေ့နေတော့ချယ်မင်းမနေတတ်ပေ။

"ထယ်...ထယ်ယောင်း..ကိုယ်"

စကားတွေထစ်ကာထိုအခြေအနေကနေရုန်းထွက်ချင်နေတဲ့ဂျောင်ကု
ကိုကြည့်ပြီးသူရယ်ချင်စိတ်ကိုမနဲဖျောက်ထားရသည်။

"မင်းကအရမ်း​ကြည့်ကောင်းတဲ့ကောင်လေးတစ်ယောက်ပဲဂျောင်ကု"

"ဗျာ"

မဆိုသလောက်လေး ချီးမွမ်းစကားဆိုလေတော့ ကောင်လေးရဲ့နားရွက်ဖျားလေးတွေရဲတက်လာတာများ။ညိုဖျော့ဖျော့မျက်လုံးလေးတွေကလည်းသူ့ကိုပြူးကြောင်ကြောင်လေးမော့ကြည့်လို့။

သူမရတော့ဘူးဒီကောင်လေးကတကယ်ကိုပဲဘယ်လိုလေးမှန်းမသိဘူးငဒူလေးကျနေရော။ဖြူစင်တဲ့ငဒူလေး။

"ဟားဟားဟား"

တွေးရင်းနဲ့သူအော်ရယ်မိသည်။

𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now