မနေ့ကမင်ဆော့နဲ့စကားတွေပြောရင်း
မုန့်တွေစားရင်းနဲ့အချိန်ကုန်သွားကာမင်ဆော့ကလည်းသူ့အဆောင်ကိုခြောက်နာရီကျော်ကျော်လောက်ကျမှပြန်သွားပြီးသူနဲ့ပဲတစ်နေကုန်ရှိနေခဲ့ပေးသည်။
သူတစ်ညလုံးဂျောင်ကုကိုမတွေ့တော့ချေ။အခန်းတွေအကုန်သူနှံ့စပ်အောင်လိုက်ရှာခဲ့သည်။အိပ်ခန်း၊မီးဖိုခန်း၊ရေချိုးခန်း၊အိမ်သာထဲရော။ဂျောင်ကု
ကိုသူရှာမတွေ့။ဒီကောင်လေးအပြင်ထွက်သွားတာလည်းသူမမြင်မိပေ။အပြင်ထွက်သွားစရာအကြောင်းလည်းမရှိ။
ထယ်ယောင်းငိုချင်လာပြီဖြစ်သည်။
သူအဲ့နေ့ညကညဥ့်နက်ပိုင်းလောက်မှအိပ်ပျော်သွားသည်။အစောပိုင်းက
မင်ဆော့လာသွားလို့ပျော်တဲ့အပျော်တေပါကြက်ပျောက်ငှက်ပျောက်ဖြစ်ကာ၊ဂျောင်ကုကိုရှာလို့မတွေ့သောကြောင့်သူ့စိတ်ထဲနေမထိထိုင်မသာတွေဖြစ်နေလေသည်။တနင်္ဂနွေနေ့ ရဲ့မနက်ခင်းနေရောင်ခြည်ဟာ လိုက်ကာချမထားတဲ့အခန်းငယ်ထဲကိုမှန်ပြတင်းပေါက်တွေကနေတစ်ဆင့်ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
နှစ်ခြိုက်စွာအိပ်ပျော်နေရှာတဲ့ကောင်လေးဟာဖြင့်သူ့ရဲ့မျက်နှာနုနုကိုထိုးနေတဲ့နေရောင်ခြည်စူးစူးကြောင့်လူးလွန့်ကာနိုးလာလေသည်။
အလိုမကျမှုတို့ကြောင့်သူ့မျက်ခုံးတန်းမျှင်မျှင်လေးတွေဟာတော့ကျုံ့လျှက်ဖြင့်။နှုတ်ခမ်းပန်းရောင်လေးကလည်းဆူပုတ်နေသေးသည်။
ညကအိပ်ရေးမဝတာမို့မြောင်ဂျယ်အိပ်ယာမထချင်သေးပေ။အပါးသားဂွမ်းခြုံစောင် charcoal ရောင်လေးကိုလက်လေးနဲ့ဖိဆုတ်ကာခေါင်းမြီးခြုံလိုက်တော့သည်။
သူအိပ်ယာကထပြီးလိုက်ကာမပိတ်ချင်ဘူး။အရမ်းပျင်းနေပြီးအိပ်ရေးမဝဘူးဖြစ်နေတယ်။
သူ့အသက်ရှူသံလေးပြန်မှန်လာကာအိပ်ပျော်မယ်ကြံတုန်းရှိသေးတယ် ငိုသံလိုလိုစကားပြောသံလိုလိုတွေကြားလာရ၍သူအိပ်ယာပေါ်ကနေငေါက်ခနဲထထိုင်မိသည်။
မပွင့်ချင်သေးသောမျက်လုံးစင်းစင်းတို့ကိုမြောင်ဂျယ်အတင်းဖွင့်ယူကာအနား
တစ်ဝှိုက်ကိုမျက်စိကစားလိုက်တော့.......ဟော....တွေ့ပြီ....ပြန်တွေ့ပါပြီ....ဂျောင်ကုလေးကို။

أنت تقرأ
𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)
عاطفيةမင်းငါ့ကိုသတိမထားမိခဲ့ခင် ဟိုးးးအရင်ကတည်းကမင်းအနားမှာ... ငါကပ်ပါးတစ်ကောင်လိုတွယ်ကပ်လာခဲ့တာ...ထယ်ယောင်း... Both Unicode and Zawgyi available. Photo is from pinterest credit to the artist. Edit-Taekook