Part.5

848 104 2
                                    

ဒီနေ့ကမင်ဆော့လာမဲ့နေလေ။ဘာဟင်းတွေသယ်လာမလဲမသိဘူး။ဂျောင်ကု
အကြောင်းကိုမင်ဆော့အားအခုထိ
မပြောရသေးပေ။အလကားသက်သက်သူ့ကိုစိတ်မပူစေချင်ဘူးလေ။

အဲ့တော့သူလာမှပဲဂျောင်ကု
နဲ့မိတ်ဆက်ပေးတော့မယ်။

စားပွဲဝိုင်းအပုလေးပေါ်မှောက်အိပ်နေတဲ့ဂျောင်ကုကိုလှုပ်နှိုးရသည်။

"ဂျောင်ကု.."

"ဟုတ်.."

ဆံပင်လေးတွေကထိုးထိုးထောင်ထောင်နဲရှုတ်ပွနေလေသောဂျောင်ကုကိုကြည့်ပြီးထယ်ယောင်းပြုံးမိသွားသည်။

"ငါဒီနေ့မင်းကိုလူတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်"

ဂျောင်ကု"...."

"မင်းစိတ်မပူပါနဲ့...သူကငါ့သူငယ်ချင်းပါအရင်ကဒီအခန်းမှာနေသွားတဲ့တစ်ယောက်လေ"

ဂျောင်ကု"...."

"ဘာပဲဖြစ်ဖြစ်မင်းနဲ့သူနဲ့သိထားမှဖြစ်မှာသူကဒီကိုပိတ်ရက်တွေမှာဟင်းလာလာပေးတတ်တယ်...မင်းလည်းသူ့.."

"ကိုယ်မသိချင်ဘူး!!.."

ထယ်ယောင်းမှာ"ဟင်"လို့ပင်အံ့သြသွားရလေသည်။

စကားအကောင်းပြောနေရင်းထဖောက်သောဂေျာင်ကု။ခေါင်းကြီးလည်းငုံ့ထားသေးတယ်။မျက်နှာချင်းဆိုင်ထိုင်နေသောသူနဲ့ဂျောင်ကုကြားကလေထုကရုတ်တရတ်အေးစက်လာသလိုလို။

"ဘာမှမဖြစ်ပါဘူးဂျောင်ကုရ..မင်ဆော့ကလူကောင်း.."

"ဟင့်အင်းး...ကိုယ်..ကိုယ်ဒီတိုင်းပဲနေလို့မရဘူးလားဟင်...ကိုယ်ကဒီအတိုင်း
ထယ့်နားမှာပဲဘယ်သူမှမသိအောင်နေလို့မရဘူးလား.."

တုန်ယင်နေသောသူ့အသံတေ။ခေါင်းကြီးကတော့အောက်စိုက်ကျနေဆဲ။

'မင်းမှာဘာအကြောင်းတွေရှိလို့လဲ
ဂျောင်ကုရာ။'

"အင်းသိပါပြီ...ငါသိပါပြီ"

"ဟုတ်...ထယ်ကိုယ့်ကိုစိတ်မပျက်ပါနဲ့နော်...ကိုယ်တောင်းပန်ပါတယ်"

"ဂျောင်ကု."

မော့လာသောသူ့ရဲ့မျက်နှာဟာမျက်ရည်တွေစိုရွှဲလို့။သူ့မျက်ဝန်းဖျော့
ဖျော့တွေဟာလည်းမျက်ရည်ဥတွေ
ပြည့်နှက်လို့နေလေသည်။

𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)حيث تعيش القصص. اكتشف الآن