Part.3

1.1K 131 0
                                    

ပျော်စရာကောင်းတဲ့ birthday party လေးပြီးသွားတော့ထယ်ယောင်း
အိမ်ကိုပြန်လာခဲ့သည်။

6:00ဆိုတဲ့အချိန်ကမိုးမချုပ်သေးသော်လည်းပဲမှောင်ရီပျိုးစပြုနေပြီလေ။ ပုဇွန်ဆီရောင်ကောင်းကင်ကြီးက
လည်းပဲလှပလွန်းနေပါသည်။

"တီ!...တီ.."(door password ဖွင့်သံ)

"ဟူးးရေချိုးရအုံးမယ်...ပျင်းလိုက်တာ"

"နေပါအုံး.. ဘာကြီးလဲ"

"Ahhhhhhh!..."

ထယ်ယောင်းတစ်ယောက်အခန်းမီးမဖွင့်သေးပဲအိမ်ထဲဝေ့ကြည့်လိုက်တုန်းမှာမှန်ပြတင်းပေါက်နားကလူရိပ်တစ်ခုကြောင့်လန့်ဖြန့်ကာအော်လိုက်လေသည်။

အခန်းတစ်ခုလုံးအမှောင်ကျနေပေမယ့်ပြတင်းပေါက်နားကတော့နေဝင်စမို့လို့အပြင်ကအလင်းရောင်တစ်ချို့ဝင်နေလေသည်။

ပြတင်းပေါက်နားမှာရပ်နေတဲ့ထိုလူကဘေးတစောင်းအနေအထားမို့ မျက်နှာတစ်ခုလုံးမမြင်ရပေ။

ထယ်ယောင်းတုန်လှုပ်ကာနှလုံးတွေတုန်ယင်နေလေသည်။ဇောချွေးပြန်ကာစိတ်ထဲ၌လည်း..

'သူဘယ်သူလဲ
...သူခိုးလား..မဟုတ်မှလွဲရောလူ..လူသတ်သမားများလား...ဘုရားရေ'

"ကျွန်တော်တောင်းပန်ပါတယ်...အသက်ကိုချမ်းသာပေးပါ...ကျွန်တော့်ပိုက်ဆံတေယူသွားလို့ရပါတယ်..ရဲမတိုင်မှာမို့."

သူကတုန်ကယင်နဲ့ထိုလူရှေ့ဒူးထောက်ထိုင်ကာလက်ဖဝါးနှစ်ဖက်ကိုပွတ်ပြီးအသနားခံလေသည်။

သူအဲ့လိုပြောတဲ့အထိထိုလူကစကားတစ်ခွန်းမှမဟ၊တစ်ချက်မှမလှုပ်။ သူ့ရင်တေပိုဗြောင်းဆန်လာတော့သည်။

'ငါဘယ်လိုလုပ်ရမလဲ...ထွက်ပြေးရမယ်..ဟုတ်တယ်.. ရဲကိုသွားတိုင်ရမယ်'

ခဏလောက်နေမှထိုပုံရိပ်ကလှုပ်ရှားကာသူ့ရှေ့ကိုတိုးလာသည်မို့သူအလျှင်အမြန်မတ်တပ်ထရပ်ကာသတိထားပြီး
နောက်ပြန်ဆုတ်မိသည်။

ထို့နောက်မှာတော့အမှောင်ရိပ်ထဲကျရောက်သွားသောသူနဲ့ထိုလူ။

ထယ်ယောင်းအမှောင်အားကိုးနဲ့တံခါးနားသွားဖို့ကြံလိုက်သည်။

𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Место, где живут истории. Откройте их для себя