Extra

1.1K 74 12
                                        

မင်ဆော့ထိုင်ခုံပေါ်မှာငိုင်တိုင်တိုင်ကြီးထိုင်နေမိသည်။သူ့မျက်စံအိမ်တွေကလည်းဂယောင်ခြောက်ခြားဖြစ်နေသေးသည်။

သူ။သူ..ထယ်ယောင်းအခန်းထဲမှာတွေ့ခဲ့ရတာကဘာကြီးလဲ!။

ချွေးစေးတွေပြန်နေတဲ့သူ့​လက်နှစ်ဖက်ကိုတဖွဖွဆိတ်နေကာ။သူ့ရင်ထဲမှာတော့တုန်ယင်နေလေပြီ။

သူမယုံကြည်နိုင်ဘူး။ဘာကိုမှလည်းနားမလည်နိုင်တော့ဘူး။သူ့စိတ်တွေအရမ်းကိုမှရှုပ်ထွေးနေပြီ။အမှန်တရားကဘာလဲ။အမှန်တရားဆိုတာကြီးကရောရှိရဲ့လား။

သေသွားတဲ့ကောင်လေးကထယ်ယောင်းနဲ့အတူရှိနေခဲ့တာလား။ဒါကလည်းလွန်ခဲ့တဲ့တစ်ပါတ်ကတည်းကမဟုတ်ပဲ...လွန်ခဲ့တဲ့လတွေတုန်းကတည်းကလား။

ကောင်လေးကသူ့ကိုယ်သူကိုမာ
ဝင်နေတာကိုမသိပဲထယ်ယောင်း
နောက်ကိုအရင်အချိန်တွေတုန်းကလိုဆက်လိုက်နေခဲ့တာလား။

'ကျွန်တော်မသိဘူး..။ဒါ!..ဒါကြီးကနည်းနည်းတော့ကြောက်ဖို့ကောင်းတယ်မလား။ဒီအဖြစ်အပျက်ကြီးကလေ။'

မင်ဆော့တွေးနေရင်းတံခါးဖွင့်သံကြားရ၍လန့်သွားသည်။

"မင်ဆော့"

ရှင်းဝူရဲ့မြူးတူးတူးအသံကိုကြားလိုက်ရတော့မှသူ့ကြောက်စိတ်တွေအဝေးကိုပျယ်လွင့်သွားလေသည်။

"မင်းထမင်းမစားရသေးဘူးမလား...ဟီး...ငါကြက်ကြော်ဝယ်လာတယ်စားရအောင်"

ရှင်းဝူကသွားလေးဖြီးကာလက်ထဲကကြက်ကြော်ထုပ်ကိုလည်းမြှောက်ပြရင်းနဲ့ပြောသည်။

သူရှင်းဝူကိုခေါင်းငြိမ့်ပြလိုက်ပြီးထမင်းပန်းကန်လုံးတွေနဲ့တူနှစ်စုံကိုသွားယူလိုက်သည်။မနက်ကချက်ထားခဲ့တဲ့ဟင်းရည်ကိုပြန်နွေးနေရင်းသူ
မြောင်ဂျယ့်ကိုစိတ်ပူနေသည်။

ထမင်းစားဖို့ပြင်ဆင်ပြီးတော့သူနဲ့ရှင်းဝူမျက်နှာချင်းဆိုင်ထိုင်လိုက်သည်။

ရှင်းဝူကအားရပါးရစားနေပေမယ့်။သူကတော့မစားနိုင်ပေ။မြောင်ဂျယ့်ကိုသူစောင့်ရှောက်ပေးမှရမှာ။

𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Tahanan ng mga kuwento. Tumuklas ngayon