Part.2

1.4K 149 7
                                    

မင်ဆော့ကောင်တခြားအဆောင်ပြောင်းသွားတဲ့နောက်ကျွန်တော့်မှာခေါက်ဆွဲဘူး၊spicy noddleနဲ့အဆောင်နားကmini marketကအစားအစာတေနဲ့ပဲစားသောက်နေရတယ်။

ကျွန်တော်ကတစ်ကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်တဲ့သူပါ။ဒါပေမဲ့ပတ်ဝန်းကျင်တော့မပါခဲ့ဘူး။

မင်ဆော့ကောင်မရှိတော့တဲ့သုံးလေးရက်အတွင်းအခန်းထဲမှာခေါက်ဆွဲထုပ်အခွံတေရောမုန့်ခွံတေရောရှုပ်ပွနေရော။

ဒါလည်းရပါတယ်။everything is okပဲ။
ဒါပေမဲ့မင်ဆော့လက်ရာလေးကိုတော့လွမ်းမိသားအဟင့်။

"Deee!...deee!.."

ဟောတွေးနေရင်းမင်ဆော့ဖုန်းဆက်ပြီထင်တယ်။

"အေးပြော.."

"ထယ်ယောင်းရေငါမနက်ဖြန်ပိတ်ရက်ကိုလာလို့မရသေးဘူးရယ်"

"ဟာ...ဘာလို့လဲ...ဘာလို့လဲလို့.."

"ငါ့အခန်းဖော်နေမကောင်းလို့ကွ...နှာစီး၊ချောင်းဆိုးဖြစ်နေတာ.. ငါ့ကိုပါကူးနေလို့..မင်းကိုထပ်ကူးနေမှာစိုးလို့"

ဟုတ်လည်းဟုတ်သားပဲမင်ဆော့အသံကနှာသံတေပါနေတာ။အေးလေမတတ်နိုင်ဘူးပေါ့။

"အေးပါမင်ဆော့ရယ်..မင်းကိုယ့်ကိုကိုယ်ဂရုစိုက်အုံး..မကြာခင်ဆောင်းရာသီရောက်တော့မယ်"

တစ်ဖက်ကကြားရတဲ့မင်ဆော့ရဲ့ရယ်သံကနှာသံပေါက်နေတာညှောင်နာနာနဲ့။

"အေးပါထယ်ယောင်းရာ..မင်းကိုသာစိတ်ပူနေရတာ..တစ်ယောက်ထဲမလား.."

"ငါအဆင်ပြေပါတယ်...နောက်ပိတ်ရက်မှလာခဲ့ပေါ့"

"အင်းး..ငါဂင်ချီတေရောမုန်လာချဥ်တေပါလုပ်လာခဲ့မယ်"

"အမလေးမင်းသာနေကောင်းအောင်နေပါ..ဒါမဲ့မုန်လာချဥ်ကိုပိုများများလေးနော်"

"ဟ..ဟ..အေးပါကွာ"

မင်ဆော့နဲ့ဖုန်းပြောပြီးတော့သူပျင်းလာလို့အပြင်ထွက်လာခဲ့သည်။

"တော့ပိုကီ..ဝယ်စားရမယ်"

လမ်းလျှောက်နေရင်းတော့ပိုကီဆိုင်တွေ့တာမို့သူဝင်လာခဲ့သည်။အသက်ကြီးကြီးအဒေါ်ကြီးကအပြုံးချိုချိုဖြင့်ဝယ်သူတွေကိုပြုံးပြနေလေသည်။

𝙄'𝙢 𝙃𝙚𝙧𝙚(𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)حيث تعيش القصص. اكتشف الآن