" ရော့....ဒါကိုယူသွား၊ ဆိုက်ဒ်နည်းနည်း ကြီးနေလို့ပြန်လဲပေးပါလို့ပြောပြီးစောင့်ယူလာခဲ့....''.
မမပိုးအသံကို သူပြန်ကြားနေမိသည်။ ပြီးတော့ကျောခိုင်းလာခဲ့သည့်နောက်ကနေ ပြောနေကြသည့်အသံတွေ
"ဘာတွေခိုင်းတာလည်း..ပိုး...အတွင်းခံတွေမို့လား...''
" ဟုတ်တယ်....အဲ့ဒီသတ္တဝါကို ဒုက္ခ ပေးချင်လို့ ညတည်းကကြံစည်ထားရတာ၊ဘဟွန်းကြည့်လို့ကိုမရဘူး...''
"ဪ...သူ ဒုက္ခရောက်တာထက် ညည်းကိုလည်းကဲ့ရဲ့ခံရမှာပေါ့ပိုးရယ်.....နားမလည်လိုက်တာ....''
" ဘာဖြစ်လည်းမေမေ၊ယ်သူဘယ်လိုထင်ထင်သူ့ကိုကဲ့ရဲ့ခံရဖို့အဓိက....''တဲ့ပြီးတော့ပါသေးသည်။
" သူကဲ့ရဲ့ခံရမှ လူတွေရှေ့မှာ အရှက်တကဲဲဖြစ်မှာ...''.
ခြေလှမ်းတွေကခဲဆွဲထားသလိုလေးလံနေခဲ့သည်။အတွင်းခံတွေကြီးဝတ်ပြထားသည့်မင်းသမီးပုံနဲ့အိတ်ကြီးကိုလည်း
သူပြန်ငုံမကြည့်ချင်။အိတ်ကြီးကိုဆွဲထား
သရွေ့တစ်လမ်းလုံးကလူတွေလည်းမြင်နေကြမှာပါ။လရိပ် ဆိုတဲ့ကောင်မင်းကိုမင်းဘာကောင်ဖြစ်နေပြီလဲသိရဲ့လားမွေးဖွားလာတည်းကရွေးချယ်ခွင့် မရှိတဲ့ထဲမှာ မိန်းကလေးဖြစ်နေပါလျက် ယောကျာ်း တစ်ယောက်လိုရှင်သန်ခဲ့ရတာ....အဲ့ဒါကလည်း လရိပ် သုံးနှစ်တည်းကလားဟုတ်တယ်အဲ့အချိန် လရိပ်
ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားခဲ့တာ အရာအာလုံးကိုဆုံးရှုံးရတဲ့အချိန်ပေါ့...လူတိရစ္ဆာန်အာလုံးကသတ္တဝာတွေချည်းမို့လို့ သူလည်းလူပီသခွင့်မရခဲ့သည့် သတ္တဝာတစ်မျိုးမျိုးဖြစ်လာခဲ့တာလား။ခြေလှမ်းတွေကိုဦးတည်မိတဲ့အတိုင်းလွတ်လပ်ခွင့်ပေးလိုက်တော့ ကန်ဘောင်ပေါ်တက်နေမိသည်ဖြစ်ရာ......။
" ချပ်...'' မီးရောင်တစ်ချက်ဝင်းခနဲ့လက်သွား၏။ပြီးတော့.......
"ဟာ....သွားပြီ သွားပြီ သေချာရိုက်ချလိုက်မှကိုတည့်တည့်ကြီးဝင်လာတာ၊ တမင်တကာလုပ်ရင်တောင်ဒီလောက်မြန်မှာမဟုတ်ဘူး.......''
"ဟုတ်လား....တောက် ''
ဘေးနားကအသံကိုကြားလိုက်ရကာ မီးရောင်ကြောင့်သူ့အကြည့်တွေလည်း ထိုဆီရောက်သွား၏။
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ