" ကားယူသွား ''
" ဗျာ!. ...''
" အခုပြင်နေတဲ့ကားက မင်းပြောတော့ စီးလို့ ရပြီဆို ''
" လေးလေးက ကားနဲ့မသွားခိုင်းဘူး ''
" ယူသွားစမ်းပါ တော်ကြာနေ ငါခိုင်းလို့ ခရီး
ဖင့် တာဖြစ်လာရင် အပြောမခံနိုင်ဘူး ''ပြောခဲ့တုန်းကတော့ ဘယ်သူ့ကိုမှဂရုမစိုက်ဘူး ဆိုတာကို မေ့သွားပြီလား၊ ဒါပေမယ့် လရိပ် ခေါင်းညိတ်လိုက်သည်။
" အခု နင့်ကိုငါတစ်နာရီစောပြီးလွှတ်တ။ ဟိုကို အချိန်မီရောက်အောင်သွားဖို့ ငါ့ကိစ္စပြီးမှ ကားထားခဲ့ပြီး မန္တလေးကိုဆက်သွား...''
" ကားကိုဘယ်မှာ ထားခဲ့ရမှာလည်းအန်တီ ''
" ပစ္စည်းပို့ရမယ့်အိမ်မှာလေ ၊ အဲ့ဒါငါ့ဆွေမျိုး အရင်းကြီး သူလာရင်ပြန်စီးလာလိမ့်မယ်''
" ဟုတ်ကဲ့ပါ ''
" ရော့.... အခုသွားတော့ ''
အညိုရောင်စာအိတ်တစ်လုံးနှင့်ကားသော့ကို လရိပ်လက်ထဲထည့်ကာ....
" ဒါက စာတစ်စောင်ပဲ စိတ်ဖြောင့်လက်ဖြောင့် ယူသွား..''
" မန္တလေးကို ရောက်ရင် ကျွန်တော်က ''
လေးလေး ပြောတော့စာတစ်စောင်ရေးပေး
လိုက်ဦးမယ်တဲ့၊ လေးလေးမရှိပေမယ့်အန်တီ့ ကိုတော့မှာထားခဲ့မှာပဲဖြစ်သည်။ ခုတော့
အန်တီပေးတဲ့စာကသပ်သပ်...။ သူက ဟိုလူ လာကြိုလိမ့်မယ်ဆိုတာတစ်ခုတည်းနဲ့ ဘုမသိ ဘမသိ ဘယ်လိုသွားရမလည်း။" ကျွန်တော်က မန္တကေ လူတွေနဲ့ဘယ်လိုတွေ့ ရမလည်း ၊ ဘာတွေပြောပေးရမှာလည်း ''
"မင်းဦးလေးကရောအဲ့ဒါတွေပြောပြခဲ့လို့လား ''
သူခေါင်းခါလိုက်တော့ ဒေါ်ခင်ခင် ခေါင်းညိတ် ၏။
" ဟုတ်တယ် မလိုလို့မပြောတာ မင်းက မသိပေမယ့် သူတို့ကမင်းကိုသိတယ်၊ သူတို့နဲ့တွေ့ရင် မင်းကိုဘာလုပ်ဖို့လွှတ်လိုက်တယ် ဆိုတာလည်းမင်းနားလည်သွားလိမ့်မယ် ''
ဘာတွေလဲ ဒီလိုနည်းနဲ့သွားရမည့်လမ်းကို ဘာဖြစ်လို့ သူ့ကိုမှ လွှတ်ရတာလည်း။
YOU ARE READING
ငါဟာမင်းအတွက်
Contoကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ