ပိုး လုပ်လိုက်တဲ့ အစီအစဥ် က တော်တော် အဆင်ပြေမှန်းကြာလာလေ သိလေလေ အတွက်နဲ့မကြာမကြာတွေ့ရသည့်အကြိမ်ရေ တွေတိုးတက်လာသလို ရင်းနှီးမှုတွေပိုလာခဲ့ ၏။ ထို့ပြင် ပိုး နှင့်ဒေါ်ခင်ခင်တို့ထံမှ ဖော်ရွေ သောအပြုံးတွေရလာခဲ့ခြင်းဟာ လင်းလက် နဲ့သာပတ်သက်သည်လို့ တွက်မိသည့် အတွက် က လင်းလက် အပေါ်မှာပို၍ လှိုက်လှဲနွေးထွေး ခဲ့၏။
" ကိုယ်ပြောသားပဲ မမ ကမေမေ့ကိုစိတ်ပူနေလို့ပါ ဒီလောက်မဆိုးပါဘူးလို့ ''
" ဘာပဲဖြစ်ဖြစ် အန်တီ့ခြေထောက် ဒဏ်ရာ လည်းစိတ်ချရပြီဆိုတော့ အတွက် ဝန်ထုပ် ဝန်ပိုးကြီး ပေါ့သွားသလိူပဲ လူမမာစာပေးတာ တောင် မမပိုးက လက်မခံတော့ အစကဆို အရမ်းကိုလန့်သွားတာ ''
ပလက်ဖောင်းပေါ်မှာ လမ်းအတူတူလျှောက်ခဲ့ရင်း လေတိုက်သွားတော့ အတွက်ရဲ့နဖူးဆံစ လေးတွေလှလှပပလေးလွင့်မျောနေ၏။စကား
ပြောမပျက်ပဲ အတွက် ဆံစတွေကိုလက်တစ်ဖက် နဲ့သိမ်းတင်လိုက်ကာ....." ဒါပေမယ့်ဒင်နာစားဖို့ကို အတွက် ကငြင်းခဲ့ တော့တစ်မျိုးများထင်မလားဟင် ''
" ကိုယ်ပြောပြလိုက်ပါ့မယ် ''
" ဟွန်း....ကျေးဇူးပဲနော် ''
အတွက် ရဲ့မျက်နှာလေး ငုံ့လျှောက်ရင်းနားကွင်းလေးတွေလှုတ်ခတ်နေတာကို
လင်းလက် ကငဲ့ကြည့်ရင်းငေး၏။ ချစ်သူတွေ ထားခဲ့ဖူးသမျှ အတွက် ဆိုသည့်မိန်းကလေး လောက်ဆွဲဆောင်မှုအပြည့်နဲ့လှတာမျိုးသူ မတွေ့ဖူးပေ။ခြေလှမ်းတာလေးက ခါးမတ်မတ်လေးနဲ့နွဲ့ သည်။စကားပြောရင်းရယ်တာဆံပင်သပ်တင် ပြီးပြန်ငုံ့သွားတာ သူမ အမူအရာလေးတွေအားလုံးက ကြည့်မိရင် မျက်ဝန်းမလွှဲချင်
" အတွက် က သိပ်လှတာပဲနော် ''
" ဟော....လုပ်ပြန်ပြီ ဒါပဲပြောတတ်တာလား''
"ဒါပဲပြောချင်အောင်လှနေလို့ပါ ကိုယ့်ကိုအဖြေ မပေးတော့ဘူးလား အတွက် ရယ် ''
" အဖြေတောင်းတာကလည်း လမ်းပေါ်ကြီးမှာ လား ''
" ဘယ်နေရာဖြစ်ဖြစ် ဒါကိုပဲလိုချင်ခဲ့တာပါ
ဒါပေမယ့် မင်းမျက်နှာလေးကိုကြည့်ပြီး မပြောရဲခဲ့တာလေ စိတ်ဆိုးသွားနိုင်လားလို့''
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ