" အံမယ်..... ဘာတွေပြုံးတော်မူနေတာလဲ..''
သူမအကြောင်းလေးတွေးပြီးပြုံးလိုက်မိစဥ်အတွက် က သူခိုးဖမ်းသလိုကြည့်ကာ
" ယုယ နော် အဲ့ဖြူခြောက်ခြောက်နဲ့ပုံ နင့် ကင်မရာထဲဆက်ထားကြည့်.....''
ပြုံးတာကိုသူမက အဓိပ္ပါယ်တလွဲကောက်သွားသည်။ယုယကကို့အတွေးနဲ့ကို ပြုံးပဲပြုံးနေကာ
" ဒီလောက်တောင်ဒေါသကြီးတတ်တဲ့ငါ့သူငယ်ချင်းလေး အရမ်းသီးခံပြီး စာကျောက်ရုပ်လိုမျိုးပြုသမျှနုနိုင်မည့်အိမ်ထောင်ဖက်မျိုးနဲ့ရရမှပဲ....''
"အံမယ်..... ဘာပြောတယ် ပြန်ပြောလိုက်စမ်းပါဟွန်း..... လူကောဘယ်လိုဆွဲဆွဲ ဘယ်လိုဖြဲဖြဲ မတုံ့ပြန်နိုင်တဲ့စာကျောက် ရုပ်လိုလူဟုတ်လား....အဲ့ဒါမျိုးနင်ပဲယူ''
မြက်ခင်းပေါ်မှာအပုံလိုက်ချထားသည့်ကျောပိုးအိတ်နဲ့ဦးထုပ်ကို ကောက်ယူလိုက်သည်။
" နေပါဦး..... အမှိုက်ကပ်နေတယ်..''
ယုယက ကျောပိုးအိတ်လေးမှာကပ်တွယ်နေသည့်အမှိုက်စကို ခါချပေးရင်း အတွက်ရဲ့ ပုခုံးလေးပေါ်မှာချိတ်လိုက်တဲ့ အထိကူညီပေးလျက်....
" အေးပေါ့....နင်က ပိုင်ရှင်တွေ့နေပြီဆိုတော့လည်း''
" လာပြန်ပြီနော် ယုယ... ''
" ဘာလည်းမဟုတ်လို့လားဖြူဖြူခြောက်ခြောက်ကို မုန်းပေမယ့် ဖြူဖြူချောချောကိုလေးကိုတော့ သဘောကျတယ်မို့လား......''
အတူတူယဥ်တွဲလျှောက်ရင်း အတွက်မျက်နှာလေးက ပြုံးယောင်သမ်းလာ သည်။
" သဘောကျတာ မဟုတ်ပါဘူး ယုယ သူ့ကိုငါတို့ခြံချင်းကပ်လျက်မှန်းသိလိုက်ရလို့တွေးမိပြီးရယ်ချင်တာ...''
" သူကတော့ နင့်ကိုသိနေလို့ချဥ်းကပ်တာနေမှညပါ သူ့မှာအတွဲကြီးနဲ့.....''
" ဘာကြောင့်ဖြစ်ဖြစ်လေ........ ဘေးကသူ့ကောင်မလေးကိုကျော်ပြီး ငါ့ကိုငေးနေတာ ဘယ်လောက်ရယ်ဖို့ကောင်းလည်း....... ပြီးတော့ သူ့ဘေးကတစ်ယောက်ဆိုရင် မျက်နှာတစ်ပြင်လုံးဒေါသတွေနဲ့နီရဲနေတာပဲ အဟား..........''
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ