" ဆောရီးနော်.. ငါက ကဲ့ရဲ့တာမဟုတ်ပါဘူး နင်သဘောကျနေသလားလို့စိုးရိမ်လို့ ပါ ''
" သဘောကျတယ်ဆိုလည်း အချစ်နဲ့မသက်ဆိုင်သေးပါဘူး နွေးရယ် ဆောရီး လုပ်မနေစမ်းပါနဲ့ ပြောမှာသာပြော ''
အတွက် တွေတွေ လေးပြောကာဆက်ပြီး တော့
" ငါ က မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားနေတာသိရင်ဖေဖေက ငါ့ကို မန္တလေးကိုချက်ချင်းပြန်ခေါ်မလားပဲ ဟူး........''
" အေ အဲ့ဒါခဏထားဦး လင်းလက်တို့ရဲ့ မိသားစုအကြောင်းဆက်ပြောရမယ်ဆိုရင် သေချာအကဲခတ်ကြည့်တော့သူ့အဖေကြီးကို မမြင်သေးပေမယ့် သူတို့ရဲ့ လိုက်ဖ်စတိုင်က နင်တို့နဲ့အရမ်းကိုကွာ တယ်နော်''
" နင်ကအဲ့လောက်ထိသိအောင်စုံစမ်းလိုက်တာလား''
" ဟုတ်တယ် ''
ယုယက ဖြတ်မေးလိုက်တာကိုဖြေပြီးနွေး က အတွက်နဲ့ နီးအောင်ခခုံရွှေ့ထိုင်လိုက်ကာ
" ဒီလိုဟာ သူ့အမေက မျက်နှာပေါက်ဆိုး လို့ငါလန့်တာနဲ့စုံစမ်းကြည့်တာ သူနဲ့ ဆိုင်နီးချင်းတွေဆီကပဲ အပြောဆိုးတယ်လို့ အသံထွက်လာတာဟ''
" ဟုတ်လား ''
ဒီတစ်ခါ အတွက်ကိုယ်တိုင် စိတ်ပါလက်ပါ ဝင်မေးလာတာမို့ နွေးက ပြောဖို့အား ရှိသွားကာ
" သူ့အစ်မက သိပ်မလှဘူးလေ အဲ့ဒါက ဘာမှမစုံစမ်းရဘဲ မြင်ခဲ့ရလို့သိတာ ဆိုင်ထဲမှာသာအမိနှစ်ယောက်စလုံးကိုတွေ့ခဲ့တာ သားအမိ တော်တော်တူတယ်သိလား လင်းလက် ကျမှ ချောတောမောတောလေးဖြစ်နေတာ ''
သူတို့မျက်လုံးတွေဟိုဘက်ခြံထဲ ကိုရောက်သွားကြပြန်သည်။ တိုက်ကနှစ်ထပ် တိုက်ကြီးပေမယ့် သိပ်လည်းမခမ်းနားလှပါ။ အိမ်ထဲမှာလည်း ဒီကားတစ်စီးပဲဝင်ထွက်နေတာတွေ့တယ် ခြံချင်းကပ်ရပ်နေပြီးတော့ အတွက်သိပ်မသိပေမယ့် ကိုယ့်သူငယ်ချင်းက သဘောကျသလိုရှိနေသည့်အပြင် အနေ နီးလွန်းတော့စိုရိမ်ရသည်။
ဒါကြောင့်အမြန်လှုပ်ရှားလိုက်ရတာပါ။ထင်သည့်အတိုင်းဒီမှာ ပုံတူပန်းချီဗတွ ကဗျာတွေ ရှေ့ပြေးရောက်နေပြီဖြစ်၏။
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ