" မင်းဘယ်လိုလုပ်လိုက်တာလည်း ခင် ''
"မပြောချင်လို့ပေါ့အစ်ကိုကြီးရယ်တစ်ခါ
လာလည်းအရေမရအဖတ်မရတွေပဲ မေးမြန်းဖုန်းချတစ်ခါလာလည်းဒါတွေပဲ'" ဟ ဖုန်းဆက်တာပျော်လို့ဆက်စရာလားကွ....''
"ပြောလို့ရမလား ''
" ခင် မင်းတမင်လုပ်လိုက်တာလားဟင် ''
" ကျွန်မက ဘာကိုတမင်လုပ်ရမှာလဲ ''
ဦးလင်းဝေ က အနားကိုလျှောက်သွားကာချထားလိုက်သည့်ဖုန်းကိုရော
ဒေါ်ခင်ခင်ကိုပါတစ်လှည့်စီကြည့်သည်။
ဒေါ်ခင်ခင်က လက်ပိုက်ထားပြီးသူကအပြစ်မရှိသလိုအေးဆေးပြန်ကြည့်၏။" လရိပ် နဲ့ပတ်သက်လို့ရောက်လာတဲ့ဧည့်သည်ဆိုလို့ သူတို့ပဲရှိတာ ဆိုးတာဖြစ်ဖြစ် ကောင်းတာဖြစ်ဖြစ် ဘာအတွက်လည်း ဆိုတာငါသိရဖို့လိုတာပေါ့ကွ''
" ကောင်းဖို့မရှိဘူးအကိုကြီး သူ့အဖေကိုယ်တိုင်က အရက်သမားဖဲသမား သူ့ကိုယ်သူ သူဌေးသားဆိူပြီးမာန်တက်နေတာ ယောက္ခမအိမ်ပေါ်တက်ပြီး မျိုးတုံးအောင်တောင်လုပ်သွားသေးတယ် ဟိုတုန်းကတည်းက အဲ့ဒီလူက မိမနိုင်ဖမနိုင်ပဲ သူ့မိဘလည်းသူ့ကြောင့်မခံနိုင်လို့ အမွေဖြတ်စွန့်လွှတ်ခဲ့ကြတာ အဲ့ဒီချေးထုပ်က အကိုကြီးညီမနဲ့တွေ့မှ
ရွှေမင်းသားလေးပြန်ဖြစ်လာတာလေ ''" အဲ့ဒါတွေပြန်ပြောပြီးမင်းမှတ်မိအောင်ပြန်ကျက်နေတာလား ''
"မှတ်မိနေလို့ပြန်ရွတ်ပြနေတာပါ မေ့နိုင်စရာမှမရှိတာ ယောက္ခမမို့ သူက နှိပ်စက် တာတော်သေးတယ် အစ်ကိုကြီးညီမကလည်း ယောင်္ကျား ဘက်ကကာကွယ်ပြီး မိဘကိုမွဲတဲ့အထိ ဒုက္ခပေးသွားတာပဲ
ခင်ခင်ဆိုတဲ့ မိန်းမကိုတော့ သူ့အိမ်မှာဖွတ်တက်မခံနိုင်ဘူး တဲ့ ဟွန်း ခုခေတ်ဝိဘက်ဒူးခေါင်းကနင်းတက်တယ်ဆိုတာလက်တွေ့ပဲ ကျွန်မကို ချိုးချိုးဖဲ့ဖဲ့နှိမ့်ချပြောဆိုပြီး တကယ်ဖွတ်တက်တာလေ''" တော်ပြီ ခင် မင်းရှေ့မှာရပ်နေတာနွယ်နီ ရဲ့အစ်ကိုကြီးဆိုတာ သတိရ.....၊ မင်းမုန်းနေတာက ငါ့ တူမ ''
" သတိရလို့ပြောတာပေါ့ အစ်ကိုကြီးကျတော့ ကြားချင်တေ့ရင် မင်းတော်တော့ လို့အော်လိုက်တယနဲ့ ကျွန်မအသံတိတ်ရ တယ် ကျွန်မခံခဲ့ရတုန်းက ဝင်ပြီးတားဆီးပေးမယ့်လူလည်းမရှိဘူး တော်ပါတော့ လို့လည်ယမပြောရဲခဲ့ဘူး ပြောသမျှလိမ့်ခံခဲ့ရတာ ''
YOU ARE READING
ငါဟာမင်းအတွက်
Historia Cortaကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ