" မင်းက လရိပ်လင်း လား ''
" ဟုတ်ပါတယ် ''
" ကျုပ်နောက်လိုက်ခဲ့ ''
ကြိုဆိုပုံက မယဥ်ကျေးပေမယ့် ဒီကမ္ဘာမှာ ကိုယ့်အပေါ်ယဥ်ကျေးမယ့် သူမရှိဘူးဆိုသည့်သတိချပ်၍ ကားပေါ်တက်လိုက်လာခဲ့သည်။ ကားသည် မြင့်မားထည်ဝါသောဟိုတယ်ကြီးရှေ့မှာ ရပ်သွား၏။ ဟိုတယ်လ်ရဲ့ပါကင်မှာ တော့မဟုတ်ပါ။ မျက်နှာချင်းဆိုင်မှာရှိသည့် သုံးထပ်တိုက်ကြီးရဲ့ရှေ့မှာဖြစ်သည်။
" ဒီမှာ သော့ မထဲမှာဝင်ပြီးစောင့်နေပါ၊ အထဲမှာစားစရာတွေရှိတယ် ၊ ရေချိုးအနားယူ လို့ရတယ် ''
" ကျွန်တော်က သူများခိုင်းလိုက်လို့လာတာပါ အနားယူဖို့မစုတ်ဘူး ''
ကိုယ်တိုင်ကားမောင်းပြီး လာကြိုသည့်ခြေလှမ်းတွေတုံ့သွားပြီးလှည့်ကြည့်သည်။သူက ပုပုသေးသေးမို့ လရိပ်ကိုမော့ကြည့်ရကာ
" ကျုပ်ကိုလည်းသူများကခိုင်းလို့ပဲ မင်းရဲ့ အထက်လူကြီးက မန္တလေးကို လာခိုင်းတယ် မို့လား ကျုယ်ရဲ့လူကြီးကလည်း ကျုပ်ကိုသွား ကြိုခိုင်းခဲ့တယ် ဒါပဲ ''
" ဦးလေး....''
သူတံခါးဖွင့်ဖို့စိတ်မဝင်စားပဲ လူကြီးကားပေါ်ပြန်မတက်သွားမီ ကမန်းကတန်းခေါ်ကာ
" ကျွန်တော် ဘယ်သူ့ကိုဘယ်အအချိန်ထိစောင့်ရမှာလည်း ''
" သူလာတဲ့အထိပေါ့ကွ ''
" ကျွန်တော့ကိုဒီခေါ်ရတဲ့အြကြာင်းရင်းက ''
" သူလာမှပဲသိမယ် ''
လူကြီးက ကားထဲဝင်ထိုင်ကာ တံခါးမပိတ်သေးပဲ သူ့ကိုမော့ကြည့်၏။
" ခရီးပန်းလာတာပဲ အေးဆေးနားပါလား၊ အထဲမှာစားဖို့အသင့် သောက်ဖို့အသင့် ရှိနေ တောင်မှ ဟွန်း မင်းလိုလူတွေမတွေ့ဖူးဘူး ''
လရိပ် မျက်နှာမှာ နူးညံ့မှု တွေပျောက်ဆုံးသွား၏။သော့ကို လူကြီးထိုင်နေသည့်ဘေးကို ရောက်သွားအောင် ပြန်ချပေးလိုက်ပြီး......
" ကိုယ်နဲ့ မပတ်သက်တဲ့ပစ္စည်းကို ကျွန်တော် ဘာမှ မထိမကိုင်ချင်ဘူး ဦးလေးရဲ့ အထက် လူကြိးကိုပြန်ပြောပေးပါ ကျွန်တော်ဘာလုပ်ရမှာလည်းဆိုတာသာ ညွှန်ကြားပါလို့''
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ