" ဘာ!. ......''
အတွက် ရဲ့ ' ဘာ ' သံကြောင့် ရီဆက်ရှင်က လူတွေ ခေါင်းထောင်သွား၏။ မျက်နှာရှေ့တည့်တည့်မှာရင်ဆိုင်နေရသည့် စာရေးမလေးရဲ့ မျက်နှာကလည်း လှုပ်ရှားဗျာများသွားလျက်.
" ဟို....ဒီလိုပါ.... ''
" ဘာလည်း ကျွန်မ သူငယ်ချင်းတွေက အလုပ် သမားအိပ်တဲ့ အခန်းထဲ ထည့်သိပ်ရမယ် ဟုတ်လား ''
" ကဲ့...ရပါတယ် အတွက် ရယ် နင်ကလည်း ''
" ဖယ်စမ်းပါ ''
ယုယ ကလက်ကိုဆွဲလှုပ်ပြောလျှင် အတွက် က ပြန်ခါချပစ်ကာ....
" အဲ့ဒီ နံပါတ်ဆယ့်တစ် ထောင့်ခန်းကို သူတို့ အတွက် ကျွန်မ သုံးရက်စောပြီးဘွတ်ကင်လုပ် ထားတာ ''
" ဟုတ်ပါတယ် အစ်မရယ် ကျွန်တော်တို့လည်း အခန်းမလောက်တော့တဲ့အကြောင်း သူဌေးကို လှမ်းအကြောင်းကြားပါတယ် ၊ သူဌေးခွင့်ပြုမှ ဧည့်သည်လက်ခံလိုက်တာပါ ''
" ဟုတ်ပါတယ် ညီမလေးရယ် ဒီအချိန်က ဧည့်ကျချိန်ဖြစ်နေလို့ပါ၊ သူဌေးက..... ''
" တော်ပြီ...တော်ပြီ ဖေဖေ့ကိုဖုန်းဆက်မယ် ''
" ဪ.....မလုပ်ပါနဲ့ဆိုမှ အတွက် ရယ် ငါတို့က လူစိမ်းတွေကျနေတာပဲ ''
" ဟုတ်ပါတယ်ဟာ ငါတို့နင့်အိမ်မှာပဲ...... ''
"လုပ်မနေနဲ့ နွေး နင်ပဲ ဟိုတယ်မှာဇိမ်နဲ့နေချင် လို့ဆို၊ ပြီးတော့ဒီမှာ မနက်စာအရမ်းကောင်းတယ်စားချင်တာ အကုန်ရတယ် ''
ပြောပြီးတာနှင့် ဖုန်းခေါ်ပေမယ့် ဖုန်းက လိုင်းမအားပဲ ဖြစ်နေ၏။
" ကျွတ်!....အရေးထဲမှာ....''
" လုပ်မနေပါနဲ့ ဆိုမှနင်ကလည်း အလုပ်သမား ခန်းဆိုလည်း.... ''
" ဒီလိုပါခင်ဗျ.... အစ်မအရမ်းစိတ်ဆိုးနေလို့ မပြောသေးပဲနေတာပါ အလုပ်သမားတွေအား လုံးက ဒီရှေ့တိုက်ခန်းတွေမှာ ပြည့်စုံအောင် စီစဥ်ပေးထားပြီးသားပါ ''
ရီဆက်ရှင်က လူတစ်ယောက်ကပဲ ဝင်ပြောပြန်ကာ.....
" အခု အခန်းက အလုပ်သမားအခန်းမဝုတ်ပါဘူး၊ အခန်းနှစ်ဆယ့်တစ် နဲ့ကပ်လျက် ဓာတ်လှေကားဘေးမှာပါ၊အလုပ်သင်မန်နေဂျာလေး ရဲ့အခန်း ''
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ