အချိန်အားဖြင့် လကိုနှစ်စားခဲ့ပါပြီ။ ဒါပေမယ့် အခြေအနေ ဒီမြေ ဒီအရပ်ကိုတော့ ပြန်မလာ ချင်ခဲ့တာ အမှန်ပင်။ မော်ဒယ်လ် အမြင့်ဆုံး ကားအကောင်းစားကြီးကိုမောင်း၍ ဟိုတုန်းက လရိပ်လင်း ဆိုတဲ့ ညောင်နာနာ ပုံစံလေးလည်း မဟုတ်တော့ပေမယ့် လှည့်ပတ်နေသည့်နှလုံး သွေးတို့က မနေ့တနေ့ကအတိုင်း ။
" ဘာဖြစ်နေတာလည်း ရှင်က ''
" ဘာမှမဖြစ်ပါဘူး ''
" ဖြစ်နေတာကိုတစ်လမ်းလုံးမြင်နေရဲ့သားနဲ့ ''
အတွက် က သူညာပြောလိုက်တာကို စိတ်တိုသွားကာ ဟိုဘက်လှည့်နေ၏။ ပခုံးပေါ်ထိ ခွေ ခွေခေါက်ခေါက်လေး ပြိုဆင်းနေပြီဖြစ်သည့် ဆံနွယ်လေးက ဟိုတိန်းက နားရွက်ကုပ် ဆံပင်လေးနဲ့ မတူတော့ပေမယ့် သူ့မျက်လုံးထဲမှာတော့ ပိုပိုပြီးလှနေတာပါ။
" အတွက်.. ''
" ဘာလည်း ''
အတွက် ကလှည့်မကြည့်ပဲထူးသည်။ နားဆွဲ လေးတွေအမျိုးမျိုးဝတ်တတ်တဲ့ အကျင့်လေး မပျောက်ပဲ မေးဖျားလေးလှုပ်သွားတိုင်း ဆံပင်တွေကြားထဲက နားကွင်းဝိုင်းလေးက လှစ်ခနဲဖျတ်ခနဲ့ ကိုယ်ရောင်ပြသည်။ ရန်ကုန်မြို့၏ နယ်နိမိတ်ကို ချဥ်းနင်းဝင်ရောက်လာကာမှ သစ်ပင်အုပ်အုပ်နှင့်လွယ်ကွင်းစပ်တွေအထိ ကားကိုဆွဲချ၍ ရပ်ပစ်လိုက်သည်။
" ဘာလုပ်မလို့လည်း ''
ကားရပ်လိုက်မှ အတွက် ဖျတ်ခနဲ့လှည့်ကြည့် ၏။ လရိပ် က ဟိုဘက်ကနေ ဆင်းထွက်သွား ကာ သူမဘက်က တံခါးကို ဆွဲဖွင့် လိုက်ပြီး
" ဟိုဘက်နည်းနည်းတိုး ''
" အို...... လရိပ် ဘယ်လိုဖြစ်တာလည်း ၊ တစ်ယောက် တည်းပဲ ထိုင်လို့ရတာကို ''
ပြောနေရင်း သူကဇွတ်ဝင်ထိုင်လိုက်တော့ ရွေ့ထိုင်ပေးရတော့သည်။
" အတွက် ''
" ဘာလည်း ဒုက္ခပါပဲ ''
အနီရဲရဲ လက်ပြတ်ကိုယ်ကျပ်လေးနဲ့မို့ အတွက် လက်လေးပိုက်ကာ မနေတတ်မထိုင်တတ်နှင့် လက်မောင်းလေးကို ကာကွယ် ပွတ်သပ်နေမိ၏။
" မျက်နှာ.... ဒီဘက်ကိုလှည့်ပါကွာ ကိုယ်ဘာမှ မလုပ်ဘူး ''
" ဘာလည်း....ဒီလောက်ကြီးပူးကပ်နေပြီးတော့ လူမြင်လို့မကောင်း ''
YOU ARE READING
ငါဟာမင်းအတွက်
Nouvellesကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ