" တောက်.... ''
" ဘာတဲ့လည်း အကို ''
" ဘာမှမထူးဘူး ''
အိမ်မှာရှိသမျှ ဖုန်းက နှစ်လုံးတည်း။ ရှိသမျှ လူအကုန်ဖုန်းတွေနားက မခွာနိုင်ပဲ ဖြစ်နေကာ လက်ထဲမှာလည်းကိုင်ထားကြတာကိုယ်စီ...။ ဦးလင်းဝေ ဖုန်းချလိုက်ပြီး တက်ခေါက်လိုက် လမ်းလျှောက်လိုက်နဲ့
" တစ်ရက် နှစ်ရက်ဆိုတော်သေးတယ်၊ အခု ငါးရက်ရှိနေပြီ မင့်သမီးကို ဒီတိုင်းထားလိုက်လို့ မရတော့ဘူး ''
" ဟုတ်တယ် ဖေဖေ လင်းလက် ဒီလောက်ထိ မပြောမဆို ဘယ်မှ သွားဖူးတာမဟုတ်ဘူး ''
" ဘယ်လို လုပ်ကြမလည်းအစ်ကိုရယ် လိုက်ပါဦး ''
"ငါက ဘယ် လိုက်ရမှာလည်း''
ဦးလင်းဝေ ဒေါသက ပစ်စလက်ခတ် ကျသွား၏။ ဒါပေမယ့် မျက်ရည်ဝေ့နေသည့် မိခင် သောကကိုမြင်လိုက်တော့ ထပ်ထွက်လာ မည့်စကားတွေက အဆင်းမှာတုံးခုထားလိုက်
သည့်ဘောလုံးလို" သူသွားနေကျနေရာတွေ သူ့အပေါင်းအသင်း တွေရှိတဲ့နေရာ အာလုံးလည်းစုံနေပြီ ''
" မတော်တဆ အတွက် နဲ့ များခိုးပြေးကြသလားမေမေ ''
" အို....ဟုတ်ပါ့မလား ''
ပြောသာပြေညလိုက်ရသည်။ တစ်ချိန်တည်း လိုလို ပျောက်သွားကြတာဆိုတော့ တွေးချင်စရာပဲဖြစ်၏။ ဒါပေမယ့် ပိုး ကပဲ ခေါင်းခါလိုက်ကာ
" မဟုတ်နိုင်ဘူး အတွက် က အရင်ထွက်သွားတာ ပြီးတော တူဝရီး နှစ်ယောက်စလုံး သွားကြတာ ''
" ကိုယ့်သမီးကို မဆုံးမနိုင်တာနဲ့ သူများမိကောင်းဖခင် သားသမီးကိုထင်ရာဆွဲပြောနေ ပြန်ပြီ ''
သားအမိနှစ်ယောက်ကို မြင်လိုက်ရတိုင်း သူ့စိတ်နဲ့မတွေ့ပါ။ ဦးလင်းဝေ ဘာလုပ်ရမှန်းလည်း မသိ၊ဘယ်သူ့ဆီကမှလည်းအကြံဥာဏ် ကောင်းမရ....
" ဒီကောင်မလေး သွေးရိုးသားရိုးမဟုတ်တော့ဘူး ၊ လရိပ် ရှိရင်လည်းရှာပါ ဖွေပါခိုင်းလို့ရဦး မယ်၊ ခုတော့ လက်ချိုးထားတဲ့အတိုင်းပဲ ''
ဦးလင်းဝေ က ပြောပြီး တက်ခေါက်ပြန်သည်။ သားအမိနှစ်ယောက် အကြည့်ချင်းဆုံသွားတာကိုမသိလိုက်။
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ