" မင်းကွာ ကိုယ့်မှာနောက်ဆံတင်းစရာမိသားစု
မရှိဘူးဆိုရင်လည်းမကြည်ဖြူတဲ့ဆွေမျိုးတွေအိမ်မှာ မျက်နှာငယ်ခံပြီးနေမနေပါနဲ့ ဒီမှာပဲ ဆက်လုပ်လိုက်စမ်းပါ ၊ အခု ငါတို့မန်နေဂျာ ကိုယ်တိုင်က မင်းကိုလက်ခံနေပြီဥစ္စာ ''ကိုယ့်လို Tomboy တစ်ယောက်ကို အလုပ်ပေးပြီးနေစရာပါပေးတာကိုကျေးဇူးတင်ပေမယ့်လည်း လရိပ် အပြုံးနှင့်ခေါင်းခါသည်။ မကြည်ဖြူ သည့်ဆွေမျိုးတွေဆိုတာထက် ဘကြီးအရင်းအချာမိသားစုတွေမို့ ရင်ထဲကနာကျင်မှုကိုစာဖွဲ့လို့တောင်ရမယ်မထင်။ငွေ နှစ်သောင်းနဲ့ ပြည်ကိုဧည့်သည် သွားရှာခိုင်းသည်။ မမပိုးရဲ့မိတ်ဆွေတွေမို့လွှဲလို့ မဖြစ်ဘူးဆိုတာလည်းပါ၏။
မှာတဲ့အတိုင်းပဲ သူတာဝန်ကျေအောင်ကြိုးစားခဲ့ပါသည်။ တစ်နေ့နှစ်ထောင်ပေးရသည့်
တည်းခိုခန်းနောက်ဖေးတန်းလျားမှာညပိုင်းကျောခင်းရုံပဲ သူနေ့သစ်တွေကို မာန်တင်း
စောင့်ခဲ့သည်။နေ့လည်ပိုင်းဆို ထိုတန်းလျား မှာစားသောက်ဆိုင် အလုပ်သမားတွေစုပုံတင်ထားသည့် ပစ္စည်းအတိုအထွာတွေကြောင့် ခဏတစ်ဖြုတ်ထိုင်ထနားနေခွင့် အတွက် ကမ်းနားလမ်းက အရိပ်ကောင်းနေရာတွေကိုရှာရသည်။ဗိုက်ဆာတော့ ဟင်းဆမ်းပြီးသားထမင်းတစ်ပွဲ ငါးရာတန်ဆီပြေးရသည်။ဒါနဲ့တောင်စားစရာ နေစရယအတွက် ပိုက်ဆံမရှိတော့တဲ့အချိန်ထိ အဆင်မပြေတာတွေအားလုံးကိုလှိမ့်ခံနေခဲ့သေးသည်။ နောက်ဆုံးအပေါ့အပါးသွားတာကအစ ပိုက်ဆံမရှိလို့မဖြစ်သည့်အနေအထားမှာ သူ့အဖြစ်ကိုသနားမယ့်လူလည်းမရှိ တာဝန် ကျေအောင်ကြိုးစားနေပါလားဆိုပြီးဘယ်သူမှလည်းအမှတ်မပေးခဲ့ပါ။
ကံကောင်းထောက်မပြီး ဟိုတယ်လုံခြုံရေး နှစ်ယောက်နှင့်ရင်းနှီးခွင့်ရသွားခဲ့သည်။ သူတို့အကူအညီနှင့် ဝန်ထမ်းတွေသန့်စင်ခန်းမှာ ရေချိုးခွင့်က အစ အာလုံးအဆင်ပြေခဲ့၏။
' နေရာတကာဖုန်းဆက်မပြောနဲ့' လိုမှာသည့်စကားကြောင့် ထိုအခြေအနေကျကာမှ သူလင်းလက်ဆီဖုန်းဆက်ခဲ့တာဖြစ်သည်။
" ဘာဧည့်သည် မှ ပြောသံမကြားဘူး
ဟေ့ကောင် မင်းကိုဖေဖေခရီးသွားရင်ပါသွားမှာစိုးလို့ မမ တမင်လုပ်တာနေမှာ ဘာဧည့်သည်မှလာမှာမဟုတ်ဘူး၊စောင့်မနေနဲ့ပြန်ခဲ့တော့ '' တဲ့
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ