" ဟုတ်ကဲ့ပါရှင့် ခဏလေးကိုင်ထားပေးပါနော် ''
ဖုန်းကိုဦးလင်းဝေလက်ထဲထည့်ပေးလိုက်ရပေမယ့် ကိုယ်တိုင်နားထောင်ချင်နေသည့်စိတ်နှင့် အနားကမခွာပဲနေမိသည်။အပေါ်ထပ်ပြေးတက်ပြီးနောက် ဖုန်းတစ်လုံးနားထောင်ပြန်ရင်လည်း ခုကျမှပြေးတက်လို့မကောင်း။
" ဟုတ်ကဲ့ပါခင်ဗျအကြောင်းကြားပေးပါ့မယ် ဟုတ်ပါပြီ...''
". .............''
" ဟုတ်ကဲ့ပါခင်ဗျာ ဒါပေမယ့် သိပ်ပြသနာမဟုတ်ပါဘူး ကျွန်တော်တို့မောင်နှမ ချင်းကဒီလိုပါပဲ''
". ...............''
" စိတ်ချပါ စိတ်ချပါ''
ဖုန်းချလိုက်တဲ့အထိစောင့်နေရတာ ကမ္ဘာ တည်သလောက်ကြာနေသလိုပင်။
" ဘာတဲ့လည်း ဟိုတစ်ခါကလူတွေပဲမို့လား''
"အင်း......''
ဦးလင်းဝေ၏အင်းသံကြီးက မသက်မသာဖြစ်လျက်
" သူတို့က နွယ်နီတို့မိသားစု ဘာဖြစ်ကုန်ကြသလဲသိပုံမပေါ်ဘူး အာကာလင်းရဲ့ သူငယ်ချင်းဆိုတော့ ''.
" အသောက်အစယး လောင်းကစားသမားတွေပဲနေမှာပါ''
ဒေါ်ခင်ခင်က တိခနဲဖြတ်ပြောလိုက်သည်။ ပြီးတော့ချထားလိုက်သည့်ဖုန်းကို လူတစ်ယောက်ကိုကြည့်သလိုမျက်စောင်းရွယ်လိုက်ရင်း......
" မိုးကုတ်က သူဌေးသားလိုလို မိုးကောင်းမိုးညှင်းက စိန်သူဌေးလိုလို တစ်မိုးတည်းမိုးပြီးအိမ်ပေါ်ခေါ်တင် ရွှေလိုဥထားကြတာ အဲ့သူဌေးသားနှိပ်စကတာနဲ့ပဲ သားအမိတွေကုန်းကောက်စရာ တောင်မကျန်တော့ဘူး ''
" ဒါတွေချည်းပြန်ပြောနေလည်း မင်းပါးစပ်မှာရွှေထွက်လာမှာမဟုတ်ဘူး တော်ပါတော့ကွာ''
ဦးလင်းဝေ ဒါတွေကြားရတိုင်း စိတ်မချမ်းသာပါ။ သမီးယောက်မချင်းမသင့်မြတ်လို့ ချို့ဖဲ့ပြောတာက တစ်ဖက်မှာ လူငယ်တွေချည်းမဟုတ်ပေ။
ကိုယ်မိသားစုတစ်ခုလုံးကို ပါးစပ်ထဲခည့်ဝါးနေသလို ဒေါ်ခင်ခင်က အကြောင်းတိုက်ဆိုင်လာတိုင်းပြောနေသဖြင့် ဒီနညးကြီးက အဝင်မခံပေမယ့်ရင်ထဲမကောင်း ခင်ဘက်ကြည့်တော့လည်း သူခမျာ ဖိနှိပ် အနှိပ်ခံလာခဲ့ရတာ နာကျင်ရှာမှာပေါ့လို့ တွေးမိသေးသည်။ ဒါပေမယ့် တော်ရုံဆိုပိုမကောင်းဘူးလား
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ