" ဟုတ်တယ် ငါ အတွက်မှားသွားတာ၊ လက်ရေးကို ပြန်မကူးရဘူး၊စာမစီရဘူးဆိူ ကတည်းက မင်းရင်ထဲကို ငါမြင်သင့်တာ''
" မင်းကိုမင်း မမြင်လို့ဖြစ်ရတာ လင်းလက် ငါက ကဗျာဆရာလည်းမဟုတ်ဘူး၊ တတ်လို့ ရေးနေတာလည်းမဟုတ်ဘူး၊ အဲ့ဒါ ငါ့ခံစားချက်နဲ့ ဖူးပွင့်လာတဲ့ စာသားတွေ အနုအရွတွေ''
" မင်းလို အနုအရွမထွက်ပေမယ့် ငါလည်းချစ်တတ်တယ် လရိပ် ရှက်စရာကြုံလာရင်လည်း ရှက်တတ်တယ် ၊ တကယ်ဆို မင်းငါ့ကိုဖွင့်ပြောခဲ့သင့်တာ ''
မျက်ရည်ဝေ့နေတာလား ရှက်စိတ်မွှန်နေတာလား မသိ။ နီရဲသည့် လင်းလက်မျက်နှာကို
လရိပ်က အေးဆေးစွားစိုက်ကြည့်သည်။ ပြီး တောလ အေးစက်စက်မျက်ဝန်းတိူ့မှာ ဆွေးရိပ် သန်းလျက်......" မင်း ရှက်နေတာလား လင်းလက် အဟွန်း...''
အပြာရောင်ကောင်းကင်ကြီးကိုမော့ကြည့်၍ ပြိုကျပျက်စီးနေသည့်ရင်ဘတ်ကြီးကိုဖွင့်ချင် မိသည်။ ပြီးတေည့ကလေးလို ချုံးပွဲချ၍ တရှိုက်ရှုက်ငိုပစ်ချင်၏။ ဒါပေမယ့် သူ့အတွက် ပြောခွင့်မရှ ငိုခွင့်မရှိ......
" မင်းချစ်နေတဲ့သူက မင်းခံစားခဲ့တာမဟုတ်တဲ့ ကဗျာကို ပေးခဲ့ရလားဆိုပြီး အပြစ်တင် မောင်းမဲ လိုက်ရုံပါ၊ ငါကတော့ ငါချစ်နေတဲ့ မိန်းကလေးရှေ့မှည အောက်တန်းကျတဲ့ကောင်၊ကလေကချေ အညတြဆိုတဲ့လက်ညှိုး ထိုးခံ အောက်တန်းစား....''
" မင်း အဲ့ဒါတွေ မပြောနဲ့ ''
" ဘာလည်း လင်းလက် မင်းခံရတာတွေမှ ခံစားချက်လား.... ''
" မဟုတ်ဘူး မင်းသူ့ကိုသဘောကျနေတာကို ငါ့ကိုလုံးဝဖွင့်မပြောခဲ့လို့ ဒီပြသနာတွေဖြစ်လာတာ ''
" ချစ်တာနဲ့ရယူခြင်းက အမြဲအတူမရှိဘူး လင်းလက် ငါချစ်ခဲ့မိတာ ငါ့ခံစားချက် သူနဲလငါ့ဘဝက ဘာမှမဆိုင်ဘူး၊ ဒီပွဲမှာငါက မင်းနဲ့ ပခုံး ချင်းယှဥ်မတိုးဝံ့တဲ့ကောင်ပါ ''
လင်းလက် ကျွတ်ခနဲ့ စုတ်သပ်ကာခေါင်းတခါ ခါဖြစ်နေ၏။
" ငါတစ်ဖက်သတ်ရင်ခံသံတွေနဲ့ ယစ်မူးနေချိန်မှာ သူက ငါ့မျက်နှာမြင်တိုင်း ပါးရိုက်ချင် လောက်အောင် မုန်းနေခဲ့တာ.... ''
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ