" နင်ကလည်း နင့်အိမ်နားမှာသူ့ဟာသူ အရင်ကတည်းကရှိနေတဲ့ကိစ္စ ခုမှရွှေ့လာတာမှမဟုတ်တာ ''
" အေးလေ နောက်မှရောက်သွားတာက နင်ပဲ ''
အားလုံးပြောပြလိုက်တော့ ယုယ တို့က သူ့ကိုတောင်သနားဂရုဏာတွေဖြစ်နေ ကြသေးသည်။
" နေဦး ဒီ... ဒီဟာ ဆေးစက်တွေကျတာ မဟုတ်ဘူးထင်တယ် အတွက် သေချာကြည့်ဦး သွေးတွေထင်တယ် ''
"ဘာ !. ....''
" အော်လိုက်တာဟယ် လန့်သွားတာပဲ''
နှစ်ယောက်ရဲ့အလယ်မှာလိုနေတာမို့ဒီဘက်မှာရှိသည့်နွေးလန့်ဖျပ်သွား၏။ အတွက်က ယုယ ပွတ်သပ်ကြည့်လိုက် နမ်းလိုက်ဖြစ်နေသောစာရွက်ကိုဆွဲယူလိုက် ကာ....
" သွေး...တွေ တကယ်လား...''
" ဟုတ်တယ်.... ငါရေနွေးစက်ကျသွားလို့ ကမန်းကတန်းကိုင်လိုက်မိတာ မသင်္ကါလို့ပွတ်ကြည့်ပြီးနမ်းလိုက်တော့ ''
" တော်ပြီ တော်ပြီ ဒီလူတောက် ''
" အတွက်ရယ် သွေးတွေမြင်နေရတဲ့ အကြောင်းကိုလည်းတွေးကြည့်ပါဦး နင်ကလည်း ဘာဖြစ်လို့သူ့ကိုအဲ့လောက်ထိမုန်းနေရတာလည်း''
" မသိဘူး ငါ့မျက်နှာနဲ့ကပ်ကပ်လေးဝင်ပါလာကတည်းကအဲ့ဒီဓာတ်ပုံကိုအမြဲတမ်းသတိရနေပြီးစိတ်တိုနေတာ
ဟိုတစ်ခါစကားလာပြောတော့ပိုဆိုးသွားတယ် သူ့ကိုယ်သူဘာထင်ပြီးငါ့ကို
ချဥ်းကပ်နေရတာလဲ ဟွန်း ဒရိုင်ဘာရုပ်နဲ့စုတ်စုတ်ပြတ်ပြတ်ကများ''" ဪ ပြောကာမှပိုဆိုးနေပြန်ပြီ ရုန့်ရင်း ကြမ်းတမ်းတဲ့စကားတွေပြောပါများရင် မျက်နှာကပါတဖြည်းဖြည်းကြမ်းတမ်း
ရင့်ရော်လာတယ်တဲ့ မကြောက်ဘူးလား''" ရင့်ပေမယ့်ငါအရမ်းစိတ်တိုတာပဲ အဲ့ဒီလူသူ့အိမ်က တစ်ယောက်နဲ့ ငါငြိနေတာကိုသိကိုသိတယ် ငါတို့အသွားအပြန်တွေ ပေးယူနေတာကိုလဘ်းသိလို့တမင်လာခိုး တာ ငါနဲ့မမိရင် ဒါယူဝှက်ထားတော့မှာ''
" ယူဝှက်ထားတော့ရောဘာဖြစ်လဲ နင်ပဲ
ခုဏက ပြောတော့ သူ့လက်နဲ့ကိုယ်တိုင် လာမပေးရင် ဒါတွေသွားမယူတော့ဘူးဆို ''
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ