" လာ...ညီမလေးတို့ထိုင်ကြ ''
" အန်တီ...နေကောင်းသွားပြီလား''
" အေး....သက်သာပြီဆိုပါတော့ ''
ပိုးက အိမ်တံခါးဝမှာထွက်ကြိုသည်။ဧည့်ခန်း မှာထိုင်နေသည့် ဒေါ်ခင်ခင်ကမျက်နှာရှည်ရှည်မှာဆံပင်ကိုနောက်မြင့်မြင့်ထုံးထားသဖြင့် ခန့်ခန့်ကြီးလို့ပြောရမလား။အပြောဆိုးသည့်မျက်နှာမျိုးလို့ဆိုရမလား။ ပြုံးတာတောင်နူးညံ့မှု သိပ်မထင် ။
ထိုပြင်တစ်ကိုယ်လုံးမှာ ညွှတ်ကျမတတ် ဝတ်ထားသည့် ရွှေတွေက
လွန်ကိုလွန်လွန်းပါ၏။ လက်ချင်းဆုပ်ထားသဖြင့် နွေးက ယုယလက် ကိုဖျစ်ပစ်လိုက်လျှင် ရွှေတွေကိုအမြင်ကတ် ဖို့ အဖော်ညှိတာမှန်း ယုယ နားလည်သွားသည်။ထို့ကြောင့် လက်ကိုပြန်ဖျစ်ညစ်၍ ပြန်ထောက်ခံပေးလိုက်သည်။ အတွက် ကတော့ သူငယ်ချင်းတွေ မျက်နှာတွေကို တစ်ချက်ပဲ လှမ်းကြည့်တာနှင့် သိနေသည်။
' ဒီမိန်းမကြီး ဆက်ဆံရေးကိုကြည့်ရဦးမယ်' ဆိုပြီးမောင်းတင်လာကြတာမို့ ပိုး တို့ ကောင်းကောင်းမွန်မွန်ကြိုဆိုလိုက်တော့ မဲ့ရတော့မလိုပြုံးရတော့မလိုလို ဖြစ်ကုန်ကြတာတွေ။
" သမီးတို့အေးဆေးနေကြနော်ဟိုရက်ပိုင်းတုန်း က အန်တီလည်းဝေဒနာ အရှိန်မသေသေးတော့စိတ်တွေတို သမီးကြီးကလည်းခပ်အေးအေးသမားလေ အန်တီတို့အိမ်က ဖော်ရွေမှု မရှိသလိုဖြစ်ခဲ့ရတာတွေ အတွက် စိတ်မရှိပါနဲ့ ကွယ်''
' ဖော်ရွေ မှုမရှိတာမဟုတ်ဘူး လူမှုရေးစိတ်ဓာတ်ကို မရှိတာ ရိုင်းကိုရိုင်းတာ ' လို့ ယုယ စိတ်ထဲကပြောနေမိပြီးနှုတ်ခမ်း ကတော့ မရယ်ချင့်ရယ်ချင်
" မေမေက အားနာနေတာသိလားဒင်နာဖိတ်တော့လည်း မလာတော့လေ အိမ်ချင်းနီးနီးလေး ကိုမလာတော့ မမတို့အပေါ်မှာ မကျေနပ်တာတွေရှိနေပြီဆိုပြီး ''
' ကိုယ်ပြစ်ကိုသိနေတော့ဘယ်လုံမလဲ ' လို့နွေး စိတ်ထဲကပြောကာ ယုယခြေထောက်ကိုခုံအောက်ကနေတို့၏။ယုယကမျက်နှာတည့်တည့်လှည့်ကြည့် ပြီးပေါ်တင်ပဲ ခေါင်းညိတ်ပြလိုက်သည်။ ပိုးစကားပြောရင်း နွေးနဲ့ယုယ ဘာတွေသဘောတူနေကြတာမှန်းမသိပဲ ကြောင်အမ်းအမ်းလှည့်ကြည့်၏။
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ