"အ! ကျွတ်ကျွတ်.."ထမလို့ပြင်ရာကနေ ကျောကနာလာတာကြောင့် ရာရှင်းသန့်တ့်တစ်ယောက်အိပ်ယာပေါ်သို့ ပြန်လဲကျသွားသည်။ လှဲချမိလိုက်တဲ့အိပ်ယာက အရင်လိုနူးညံ့မနေတာကြောင့် ကြည့်မိတော့ ဖျာတစ်ချပ်ဖြစ်နေသည်။
သူတညလုံးဒီဖျာပေါ်မှာအိပ်ခဲ့တာလား...
သူဘယ်ကိုရောက်နေတာလဲ?..
ဘေးပတ်ဝန်းကျင်ကိုဝေ့ကြည့်မိတော့ သူအိပ်နေတဲ့ဘေးမှတွေ့ရတာက ဗီရိုအသေးလေး၂ခု..
ပြတင်းပေါက်ကနေတဆင့်မြင်နေရာက စိမ်းစိုနေတဲ့အပင်ကြီးများ..ဒါ သူ့အိမ်မဟုတ်တာတော့ သူသေချာသိနေသည်။ ဖြေးဖြေးချင်းကုန်းထလိုက်ပြီး မြင်နေရတဲ့တံခါးကနေ ထွက်လိုက်သည်။
"ဟင်.."
မြင်လိုက်ရတဲ့အရာတွေကြောင့် ရာရှင်းသန့်ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူရောက်နေတဲ့အိမ်ရဲ့အရှေ့တည့်တည့်မှာချောင်းကိုတွေ့ရသည်။ ထိုချောင်းနှင့်သူရောက်နေတဲ့အိမ်က လမ်းတစ်လမ်းသာခြားလေသည်။ တောင်အရပ်သို့ကြည့်မိလေတော့ ပိုပြီးတော့ အံ့သြသွားရသည်။ လိုင်းဖော်ကာ စိမ်းစိုနေအောင်စိုက်ပျိုးထားတဲ့စိုက်ခင်းတစ်ခင်းဖြစ်လေသည်။ သူသိသလောက်ဆို မုန်လာရွက်၊ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်တို့ဖြစ်မည်။
သူအိပ်မက်ထဲရောက်နေတာလား...
ဒါသာအိပ်မက်တစ်ခုဆို သူဒီအိပ်မက်ကမနိုးထချင်သေးဘူး...အခုလိုစိမ်းစိုနေတဲ့အရာတွေကို သူကြိုက်သည်။ တနေကုန်အိမ်ထဲမှာနေပြီး ငြီးငွေ့နေရတာထက် ဒီလိုအသစ်အဆန်းနေရာလေးမှာ သူနေချင်ခဲ့သည်။ အခုတော့ သူ့ဆန္ဒတွေပြည့်ဝခဲ့ပြီ။ ရှူသွင်းနေရတဲ့လေကလည်း လတ်ဆက်နေသလိုခံစားနေရသည်။ ကားသံဆူဆူညံညံတွေကိုကြားနေရတာထက်စာရင် ဒီလိုတိတ်ဆိတ်နေတာကိုသူသဘောကျသည်။
"နိုးလာပြီလား.."
အနောက်ကနေ ပြောလာတဲ့ခပ်သြသြအသံကြောင့် သူအနောက်ကိုလှည့်ကြည့်လိုက်သည်။
"နောင်..."
သူခေါ်လိုက်တော့ နောင်က မဲ့ပြုံးတစ်ခုကိုပန်ဆင်ပြီး သူ့ကိုကြည့်နေသည်။
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️