ဆရာကိုသွားကြိုပေးဖို့ရာ သူငယ်ချင်းဖြစ်တဲ့ကျော်ဇောကိုပဲ နောင်အကူအညီတောင်းရသည်။ မိနစ်ပိုင်းလောက်အကြာမှာ ကျော်ဇောနဲ့အတူ ဆရာပါလာသည်။ နောင်လည်း ခြံတံခါးအမြန်သွားဖွင့်ပေးလိုက်သည်။"ဆရာ အထဲကိုကြွပါ.."
ကျော်ဇောကပဲဆေးအိတ်ကိုကိုင် အိမ်ထဲကိုအရင်ဝင်သွားသည်။
"ဟင် ရှင်းသန့့််.."
အိမ်ထဲဝင်ဝင်ချင်း လှဲနေတဲ့ရှင်းသန့်ကိုတွေ့လိုက်ရတော့ နန္ဒအံ့သြသွားသည်။ နန္ဒနဲ့ရှင်းသန့်ဆိုတာ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သည်။ နန္ဒ ဒီမှာ တာဝန်ကျပြီးကတည်းက ရှင်းသန့်တစ်လတစ်ကြိမ်တောင်ပုံမှန်မတွေ့ဖြစ်။ နန္ဒ အိမ်ကိုပြန်တော့ ရှင်းသန့်ရဲ့အကြောင်းတွေကိုကြားမိပါသည်။ ရှင်းသန့်မိဘတွေရဲ့ပြောပြချက်အရ ရှင်းသန့်ကိုမတွေ့သေးဘူးဆိုတာကြောင့် နန္ဒလည်း စိတ်ပူနေခဲ့တာ။ ပြန်တွေ့တော့လည်း သူနဲ့အနီးဆုံးမှာပင်။
သူခေါ်တာသိသည့်အလား ရှင်းသန့်က မျက်လုံးဖွင့်လာသည်။ သူ့ကိုမြင်တော့ အံ့သြသွားကာ ခေါင်းခါပြလာသည်။ သူနဲ့သိတယ်ဆိုတဲ့အကြောင်းကို ရှင်းသန့်က ဖုံးကွယ်ထားချင်နေတာလား...
"ဆရာ မထိုင်ဘူးလား....
ဒီတိုင်းရပ်ကြည့်နေမှာလား.."အနောက်ကနေပြောလာတဲ့ ခပ်မာမာလေသံကြောင့် နန္ဒ ရှင်သန့်ဘေးမှာထိုင်လိုက်သည်။
"သူပြန်ကောင်းဖို့အတွက် ဆေးများများထိုးပေးသွားပါ နောက်ဆရာမခေါ်ရအောင် သောက်ဆေးလည်းများများပေးသွား...
ကျသလောက်ရှင်းမှာပါ...""နောင်နောင် ဆရာ့ကိုအဲ့လိုမပြောရဘူးလေ.."
သူ့စကားဟာ တဖက်သားနားထဲမှာ ကောင်းသလား ဆိုးသလားလည်း နားမလည်တဲ့နောင်နောင့်ကို ကျော်ဇော ဆက်မပြောရန် ပိတ်လိုက်သည်။
"အဲ့လိုမပြောလို့ ငါကဘယ်လိုပြောရမှာလဲ?.."
"ဘာမှမပြောဘဲ တိတ်တိတ်လေးနေတာအကောင်းဆုံးပဲ.."
ကျော်ဇောပြောလိုက်မှပဲ နောင်လည်း ဆက်မပြောတော့ဘဲ ရှင်းသန့်ဘေးမှာထိုင်နေတဲ့နန္ဒကိုကြည့်နေသည်။
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️