"ရာရှင်းသန့့််.."
"အင်း ပြော.."
"ခင်ဗျားအခုစားနေတာ ကျွန်တော်ချက်ထားတာနော်.."
ထမင်းအတူစားနေရင်း နောင့်ဘက်ကစကားစပြောလာသည်မို့ ရှင်းသန့်ကြောက်မိတာတော့အမှန်ပင်။
"အင်း ဟုတ်တယ်လေ..."
"ခင်ဗျားအားမနာဘူးလား..."
"ဟင်.."
ပါးစပ်ထဲကိုထည့်မယ့် ထမင်းလုတ်ဟာ လေထဲမှာရပ်တန့်သွားသည်။
"ဟို ကိုယ်လည်းအဲ့တာပြောမလို့ပါ...
ကိုယ်ထမင်းဟင်းကောင်းကောင်းချက်တတ်တယ် နောင်ခွင့်ပြုမယ်ဆိုကိုယ်နောက်နေ့ချက်ပေးပါ့မယ်..""ကျွန်တော်ဘက်ကခွင့်မပြုစရာဘာအကြောင်းမှမရှိဘူး...
ခင်ဗျားဘက်ကအခုလိုအလိုက်သိပေးတော့ကောင်းတာပေါ့ သူများအိမ်ကထမင်းဟင်းကိုအလကားထိုင်စားနေတာတော့ ဘယ်ကောင်းမလဲနော့်.."သူဘာမှဆက်မပြောတော့..
နောင်ပြောတဲ့စကားလုံးကြမ်းတွေနောက် သူစိတ်လည်းမနာနိုင်.."သြော် ခေါင်းရင်းကစိုက်ခင်းကိုတွေ့တယ်မလား...
၄နာရီလောက်ကျရင် ဟိုနားကပိုက်ကိုယူပြီး ရေလောင်းထားလိုက်...""ရေလောင်းရုံပဲလား.."
"အင်း ဒီနေ့တော့ရေလောင်းရုံပဲ.."
နောက်နေ့ကျ ဒီ့ထပ်ပိုတာတွေလုပ်ပေးရမှာ ဆိုတာကိုတော့ နောင်စိတ်ထဲကနေပြောလိုက်သည်။
စားနေတဲ့ငရုတ်သီးစိမ်းချက်ကြောင့် ရှင်းသန့်မျက်နှာဟာ ချွေးတွေပြန်နေသည်။ စရောက်တဲ့နေ့ကတည်းက ငရုတ်သီးစိမ်းချက် ချက်ကျွေးလိုက် ကန်စွန်းရွက်ကြော်ကျွေးလိုက်နဲ့ ဒီဟင်းတွေကိုပဲပတ်ပတ်လည်ကျွေးနေတာကြောင့် ရှင်းသန့်အစ့်အစပ်ကိုတောင်မကြောက်တော့။ စရောက်တဲ့နေ့ကစပြီး တိုးလာတာဆိုလို့ ရှင်းသန့်မျက်နှာကဝက်ခြံတွေပင်။ အရင်က ပြောင်သလင်းချောမွတ်နေတဲ့မျက်နှာလေးက အခုတော့ဝက်ခြံတွေနှင့်ရဲတွတ်နေသည်။
"ခင်ဗျားမျက်နှာမှာလေ အခုလိုဝက်ခြံတွေထွက်နေတာ တအားရုပ်ဆိုးတာပဲ..."
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️