"ဟေး ရွှတ် ရွှတ်.."ရှင်းသန့်ချောင်းကမ်းနားကဝါးစင်လေးမှာထိုင်နေရင်း ခေါ်သံလိုလိုကြားရတာကြောင့် လှည့်လိုက်တော့ လှေတစ်စင်းက သူ့အနားကပ်လာသည်။
"နေထူး မတွေ့ရတာကြာပြီနော်.."
"ဟုတ်တယ် အလှလေး...
လယ်ထဲသွားနေရလို့လေ မအားတာနဲ့မလာဖြစ်တာ...
ဘာလဲ? ကျွန်တော့်ကိုလွမ်းနေတာလား...""အဟက်! ဖြစ်ရတယ်..."
"အဲ့တာဆို အလှလေးကကျွန်တော့်ကိုမလွမ်းဘူးပေါ့..."
"သတိတော့နည်းနည်းရတယ် နည်းနည်း.."
လက်ညှုိးရဲ့တစ်စိပ်ကိုလက်မနဲ့ထြိဲ့ထိပြီးပြလာတဲ့အလှလေးကြောင့် နေထူး ဒီလောက်နဲ့ပဲကျေနပ်ပါတယ်ဆိုသလို ဖြေသိမ့်လိုက်ရသည်။
"နည်းနည်းဆိုတော့လည်း နည်းနည်းပေါ့...
ဒါနဲ့ အလှလေးဘာလုပ်နေတာလဲ?..""အိမ်ထဲမှာပျင်းလို့အပြင်မှာထွက်ထိုင်တာ..."
"နောင်နောင်ကဘယ်သွားလို့လဲ?.."
"နောင်နောင်ကဈေးသွားရမယ်ဆိုလား အပြင်ထွက်သွားတယ်.."
"သြော်..."
"ဒါနဲ့ နေထူးက လှေလိုက်စီးနေတာလား.."
"မဟုတ်ဘူး ဟိုဘက်ကမ်း(တဖက်ရွာ)မှာ ဝါးသွားဝယ်မလို့လေ.."
"သြော် ကျွန်တော်လည်းလှေစီးချင်လိုက်တာ...
ကျွန်တော်ရောလိုက်ခဲ့လို့ရမလား..""ဖြစ်ပါ့မလား...
အခုပဲ၂နာရီခွဲနေပြီ ကျွန်တော်က၄နာရီလောက်မှပြန်ရောက်မှာ..""ဖြစ်ပါတယ် နောင်လည်း၎နာရီလောက်မှပြန်ရောက်မှာ...
လိုက်ခဲ့မယ်လေနော် ဟိုဘက်ရွာလည်းရောက်ဖူးချင်တယ်လို့...""အလှလေးအဆင်ပြေတယ်ဆိုလိုက်ခဲ့လေ...
ကျွန်တော်ကအလှလေးနဲ့အတူသွားရမှာပိုပြီးတော့တောင်ပျော်သေးတယ်...""အဲ့တာဆိုတက်ပြီနော်..."
လှေပေါ်ကိုလှမ်းတက်ကာ ထိုင်လိုက်သည်။ လှေတခါမှမစီးဖူးတာကြောင့် ရှင်းသန့်အတော်လေးသဘောကျနေသည်။
"ဟေ့ အလှလေး ငြိမ်ငြိမ်ထိုင်ဗျ ချောင်းထဲပြုတ်ကျမယ်..."
ရှင်းသန့်ကကိုယ်ကိုလှုပ်ရမ်းနေတာကြောင့် နေထူးမှာ ချောင်းထဲမကျအောင်အနောက်ကနေထိန်းနေရသည်။
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️