နောက်နေ့မနက်ရောက်တော့ ရှင်းသန့်တစ်ယောက်အရှင်းမပျောက်သေးသော်ငြား သက်သာနေပြီမို့ ထမင်းထချက်ဖြစ်သည်။ ထမင်းချက်ပြီးမှသာ သူ့အတွက်ဆန်ပြုတ်ပြုတ်လိုက်သည်။"ခင်ဗျားနိုးနေတာလား...
ခင်ဗျားကိုဘယ်သူကထမင်းထချက်ခိုင်းလို့ထချက်ထားတာလဲ?...
အရှင်းမပျောက်သေးတာကိုပေါ့ဆနေတယ် ထပ်ဖြစ်ရင် ကျုပ်ပဲပိုက်ဆံကုန်မှာ...""ကိုယ်သက်သာနေပါပြီ ထမင်းအိုးတစ်လုံးထချက်ရုံနဲ့တော့ ကိုယ်ဘာမှမဖြစ်ပါဘူး..."
"ပြောတာပဲ ခင်ဗျားကြည့်တော့ဖြူဖတ်ဖြူရော်နဲ့ တကယ်ပါပဲ အားကိုမရဘူး.."
နောင်ကသူ့ကိုပြောပြီး မျက်နှာသွားသစ်နေသဟ်။ သူကတော့ နောင့်အတွက်ထမင်းပန်းကန်ပြင်ပေးကာ သူ့အတွက် ဆန်ပြုတ်တစ်ပန်းကန်ထည့်လိုက်သည်။ ဆန်ပြုတ်ပန်းကန်မြင်တော့ နေမကောင်းရင်မေမေလုပ်ပေးနေကျ ကြက်သားစွပ်ပြုတ်ကိုတောင်သတိရမိသည်။ သူနေမကောင်းတာနဲ့ မေမေ့မှာ ဆန်ပြုတ်မကြိုက်တဲ့သူ့အတွက် စွပ်ပြုတ်လုပ်ပေးတတ်ပြီး သူအစားဝင်အောင်အမျိုးမျိုးချော့ကျွေးတတ်သည်။
တခါတလေ အိမ်ကိုအရမ်းလွမ်းတာပဲ...
သူနေချင်တဲ့ဘဝမှာ နေနေရပေမယ့် တခါတလေမှာ ဖေဖေရယ်မေမေရယ်ညီမလေးရှိတဲ့အိမ်ကိုလွမ်းသည်။ သူ့ကြောင့် အခုဆို ညီမလေးမှာ သူငယ်ချင်းတွေကြားမှာမျက်နှာငယ်နေရမလား သူငယ်ချင်းတွေဝိုင်းစတာရောခံနေရမလား...တွေ့ရင်းနဲ့သူဆန်ပြုတ်ပန်းကန်ကိုမွှေနေသည်။
"ဒီမှာ ခင်ဗျားဆန်ပြုတ်သောက်မှာလား မွှေနေမှာလား.."
"ဟင် အင်း.."
သူဘယ်လောက်တောင်အတွေးထဲရောက်သွားလဲမသိ နောင့်အသံကြားမှပဲ ဆန်ပြုတ်သောက်ဖြစ်သည်။
"ကြောင်အိမ်ထဲမှာ ငါးခြောက်ပန်းကန်လေးတွေ့တာနဲ့ ဒီမနက်တော့ ဒါနဲ့ပဲစားလိုက်တော့နော်...
ကိုယ်ညနေကျ ဟင်းချက်ကျွေးပါ့မယ်...""မလိုဘူး ခင်ဗျားဒီနေ့ဟင်းမချက်နဲ့...
နီလာဟင်းလာပို့လိမ့်မယ် သူ့အိမ်မှာကြက်သားချက်လို့..."
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️