"ရာရှင်းသန့့်် ရာရှင်းသန့့်် ဘယ်ရောက်နေတာလဲမသိဘူး...
ထမင်းစားချိန်ပဲရောက်နေပြီ ဒီလူဘယ်သွားနေလဲမသိဘူး.."ထမင်းစားပွဲပေါ်မှာ သူ့အတွက် ထမင်းတစ်ပန်းကန်သာပြင်ပေးထားပြီး ရာရှင်းသန့်ကတော့ဘယ်ရောက်နေလဲမသိပေ။
"ကိုယ်အပင်တွေရေလောင်းနေတာ...
နောင်တစ်ယောက်တည်းထမင်းစားလိုက်တော့...
ကိုယ်မဆာသေးလို့ပြီးမှစားမယ်..."နောင့်ကိုလာပြောပြီး ရှင်းသန့်က့်က ခေါင်းရင်းဘက်ကိုပြန်ထွက်သွားသည်။
"ဘာလဲဟ ဒီလူ..."
အရင်နေ့တွေကတောင် သူမစားသေးရင် မစားတတ်တဲ့သူက အခုစားနှင့်တဲ့လား။
"စားနှင့်ဆိုတော့လည်း စားရတာပေါ့..."
ရှင်းသန့်ဗိုက်ဆာနေပေမယ့်လည်း နောင်ထမင်းစားနေတာကြောင့် မစားသေးဘဲစောင့်နေခြင်းဖြစ်သည်။ နောင်က ပိုင်ရှင်ရှိတဲ့လူတစ်ယောက်ဖြစ်သွားပြီဆိုတော့ နောင့်အပေါ်ထားနေတဲ့စိတ်တွေကို ရှင်းသန့်ဖြည်းဖြည်း ဖြတ်တောက်ရမည်။ ပိုင်ရှင်ရှိတာသိသိရက်နဲ့ သူစိတ်ထားနေရင်း နောက်ဆုံးသူပဲပိုခံစားရမှာလေ။
"အလှလေး အလှလေး.."
"သြော် နေထူး.."
အိမ်ရှေ့ကနေလှမ်းခေါ်နေသည်မို့ ရှင်းသန့်ပိုက်ကိုချကာ ထွက်လာခဲ့သည်။
"အလှလေးကဗျာ အလှူကိုလာလည်းမလာဘူး.."
"အယ် ဒီနေ့လား ကိုယ်မေ့သွားတယ်.."
ဟုတ်သား နေထူးကအလှူလာဖို့ဖိတ်ထားတာပဲ..
"မေ့သွားတယ်ဆိုလို့ခွင့်လွှတ်လိုက်မယ်..
ဒီမှာ အလှလေးဖို့ ငါးကြင်းပေါင်းနဲ့ငပိပေါင်း..
အသုပ်လေးရော..""မဟုတ်တာ နေထူးရာ ဒီလိုတွေလာမပို့ပါနဲ့...
ကိုယ်လည်းဘာမှလုပ်ပေးထားတာမရှိဘဲနဲ့..""အလှလေးကိုစားစေချင်လို့ပါဗျာ...
ယူထားလိုက်ပါ..""ဟို နောင်က ပြောမှာစိုးလို့ပါ.."
"သိပြီ ကျွန်တော်နားလည်ပြီ.."
ဟင်းထုပ်တွေကိုင်ပြီး နေထူးကအထဲကိုဝင်သွားသည်။
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️