နောင်နဲ့အတူအိပ်တဲ့နေ့ကတည်းက ရှင်းသန့်ကောင်းကောင်းအိပ်ပျော်သည်။ ဒီရက်တောတွင်း နောင်ကလည်းစိတ်ကြည်နေသည့်အလား သူ့ကိုကောင်းကောင်းပြန်ပြောသည်။ ရှင်းသန့်နေရထိုင်ရတာလည်း အရင်ကထက်စာရင် ပိုပြီးစိတ်ချမ်းသာသည်။အပင်တွေလည်းရေလောင်းပြီးပြီ အိမ်သန့်ရှင်းလည်းလုပ်ပြီးပြီ ရေချိုးပြီးသည်နှင့် ရှင်းသန့်တရေးတမောအိပ်ဖို့ပြင်လိုက်သည်။
"တိုတို့.."
အိမ်ရှေ့ကနေသားခန့်ခေါ်သံကြားတာမို့ ရှင်းသန့်အပြင်ကိုထွက်လိုက်သည်။ အပြင်ရောက်တော့ သားခန့်နဲ့အတူမဖြူပါ ပါလာသည်။
"သြော် မဖြူပါပါလာတာလား..."
"အေးကွယ် သားခန့်ပေါ့ မင်းဆီသွားမယ်တကဲကဲလုပ်နေလို့..."
"မဖြူ လာ ထိုင်...
မေမေပြောတာဟုတ်လားကွ ကိုကို့ဆီလာချင်တာလား..""ဟုတ်.."
ရှင်းသန့်မေးလိုက်တော့ သားခန့်က ရှင်းသန့်ပေါင်ပေါ်တက်ထိုင်ကာဖြေလာသည်။
"အိမ်မှာမုန့်လက်ကောက်လုပ်စားတာနဲ့ရှင်းသန့်တို့အ့်တို့အတွက်ပါလာပေးတာ.."
"ဟုတ်လား ကျွန်တော်လည်းစားချင်နေတာနဲ့အတော်ပဲ...
ကျေးဇူးတင်ပါတယ်..""ရပါတယ် အစ်မလည်းရှင်းသန့်စားချင်မယ်ထင်လို့လာပို့ပေးတာ...
ဒါနဲ့ နောင်နောင်ရော..""နောင်ကအပြင်ထွက်သွားတယ် မဖြူ .."
"ဟုတ်လား ဘယ်သွားတာလဲ?.."
"အဲ့တာတော့ ကျွန်တော်လည်းမသိဘူး...
နေ့ဘက်ဆို နောင်ကဒီလိုထွက်သွားနေကြ..""သြော် ဟုတ်လား...
ဒါနဲ့ ရှင်းသန့်တို့က့်တို့ကလက်မထပ်ကြသေးဘူးလား..""ဗျာ.."
မဖြူရဲ့စကားကြောင့် မုန့်ကိုဖဲ့ကာထန်းလျက်ရည်တို့နေတဲ့ရှင်းသန်းလက်တန့်သွားသည်။
"အစ်မဆရာဝင်လုပ်တာမဟုတ်ပါဘူး..
နောင်နောင်နဲ့ရှင်းသန့်တို့အတူနေလာတာပဲ ၁လကျော်နေပြီလေ လက်ထပ်သင့်နေပြီ.."
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️