ရှင်းသန့်အိမ်သန့်ရှင်းရေးလုပ်နေရင်း ဗီရိုဘေးနားမှာပုဆိုးအစုတ်တစ်ထည်နဲ့အုပ်ထားတဲ့စာအုပ်စင်လေးတစ်ခုကိုတွေ့ရသည်။ မှန်းချေဆို အုပ်၂၀လောက်တော့ရှိမည်။
"အဲ့တာဘာလုပ်နေတာလဲ?.."
"နောင်......
ကိုယ်သန့်ရှင်းရေးလုပ်နေတာပါ ဒီနားမှာဖုန်တက်နေတာနဲ့..""အဲ့တာဝတ္ထုစာအုပ်တွေ ခင်ဗျားဖတ်ချင်ရင်ယူဖတ်လို့ရတယ်.."
"နောင်တကယ်ပြောနေတာလား.."
ရှင်းသန့်က့်က စာဖတ်ရတာကြိုက်သူမို့ မယုံနိုင်စွာနောင့်ကိုထပ်မေးလိုက်သည်။
"အင်း.."
"အင်းအင်း ကျေးဇူးနောင်...
ကိုယ်ရိုရိုသေသေကိုင်မှာပါ..""အင်း.."
"ဒါနဲ့နောင်ဘယ်သွားမလို့လဲ?.."
ပုဆိုးကိုသေချာပြင်ဝတ်နေကာ အပြင်ထွက်ဖို့ပြင်နေတာကြောင့် ရှင်းသန့်လ့်လည်းမေးလိုက်သည်။
"ခေါင်းညှပ်ဆိုင်သွားမလို့..."
"သြော်..
ကိုယ်လည်းလိုက်လို့ရမလား...
ကိုယ်လည်းဆံပင်ညှပ်ချင်လို့..
ရမလား..""လိုက်ခဲ့လေ..."
နောင့်ဆီကနေဒီလိုမျိုးကြားရလိမ့်မယ်မထင်ထားတာကြောင့် ရှင်းသန့်အပျော်လွန်ကာ ခေါင်းကိုအကြိမ်ကြိမ်ညိတ်ပြနေသည်။ အိမ်တံခါးသော့ပိတ်ပြီးတာနဲ့ နောင့်အနောက်ကနေဖြေးဖြေးချင်းလိုက်လာသည်။ တလမ်းလုံး နောင်ကသူနဲ့သိသမျှလူတိုင်းနှုတ်ဆက်ပြီး ရှင်းသန့်ကတော့ ယောင်တောင်တောင်နဲ့ပဲနောင့်အနောက်မှာပါလာသည်။
"ဟာ အလှလေး အလှလေး ခဏနေပါဦး.."
နေထူးရဲ့ခေါ်သံကိုကြားရတာမို့ လှည့်ကြည့်လိုက်တော့ အပြာရောင်သုတ်ထားတဲ့တိုက်ပေါ်ကလက်လှမ်းပြကာ အောက်ကိုဆင်းလာတာတွေ့ရသည်။ ရှင်းသန့်လ့်လည်း နေထူးဆင်းလာတာတွေ့ရတာမို့ ခဏရပ်စောင့်နေသည်။
အရှေ့ကသွားနေတဲ့နေထူးရဲ့အသံကိုကြားတာနဲ့ခြေလှမ်းတွေရပ်တန့်သွားလေသည်။ နေထူးထွက်လာတာမြင်တာနဲ့ ရှင်းသန့်အ့်အနားကိုကပ်ကာ လက်ကိုကိုင်ထားသည်။
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️