"မင်းကိုပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲလို့ရတယ်ဆိုတာမင်းသိရဲ့လား..""ဖေဖေ နောင်က..."
"မင်းကိုမေးနေတာမဟုတ်ဘူး ရာရှင်းသန့်.."
"ဖေဖေ့!.."
ဖေဖေ့ရဲ့အကြည့်အောက် ရှင်းသန့်ပါးစပ်ပိတ်လိုက်ရသည်။
"မင်းဘာကြောင့်ဒီကိုလာတာလဲ?...
နောက်ပြီး မင်းဘယ်လိုအပေါ်ကိုတက်လာတာလဲ?..""ကျွန်တော် ရာရှင်းသန့်နဲ့သားကိုလာခေါ်တာပါ..
ပြီးတော့ ဒီတိုင်းပဲတက်လာတာ...""သူခိုးကျင့်သူခိုးကြံနဲ့ ဒါဟာဘယ်လိုလုပ်ရပ်လဲ?.."
"တောင်းပန်ပါတယ်.."
နောင် ထိုမျှသာပြောပြီး ခေါင်းကိုငုံ့ထားသည်။ ရှင်းသန့်ကတော့ သားကိုနိ့တိုက်လိုက် ဖေဖေကိုတလှည့် နောင့်ကိုတလှည့်ကြည့်နေသည်။
"မင်းပြောနိုင်တာ ဒါအကုန်ပဲလား...
မင်းက ငါ့သားနဲ့ငါ့မြေးကိုလာခေါ်တာဆိုတော့ မင်းနဲ့ဘယ်သူကပြန်ထည့်မယ်လို့ပြောလို့လဲ?..""ဖေဖေ.."
"မင်းဘာမှဝင်မပြောနဲ့ ရာရှင်းသန့့််..."
"ကျွန်တော်နဲ့ရာရှင်းသန့်ကတရားဝင်လက်ထပ်ထားတဲ့သူတွေပါ...
အဲ့တော့ သူသာလိုက်မယ်ဆို ကျွန်တော့်မှာပြန်ခေါ်ခွင့်ရှိပါတယ်..""ဘာ!.."
နောင့်စကားကြောင့် ဦးလင်းသန့်တ့်တစ်ယောက်မတ်တပ်ထရပ်မိသည်အထိပင်။
"ကိုလင်းသန့်ရ့်ရယ် ရှင်စကားကိုဘယ်လိုတွေပြောနေတာလဲ?...
ကလေးတွေတစ်ယောက်နဲ့တစ်ယောက်အဆင်ပြေရင်ပြီးနေကို..""မင်းဘာသိလို့လဲ?..
ဒီကောင်က ငါတို့သားအပေါ် နိုင်စားနေတာကို..""တောင်းပန်ပါတယ်.."
တောင်းပန်ပါတယ် ချည်းပဲ ပြောနေတဲ့နောင်ကြောင့် ဦးလင်းသန့့်် ပြန်ထိုင်ချလိုက်သည်။
"မင်းကရောပြန်လိုက်သွားချင်လား.."
"ဖေဖေဘာလို့အဲ့လိုမေးနေတာလဲ?...
သမီး ကိုလေးကို သူနဲ့ပြန်မထည့်နိုင်ဘူး.."
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️