"ကိုကို ဒီမှာ.."စာအုပ်လေးကိုင်ပြီး သားခန့်က သူတွက်ထားတဲ့သင်္ချာပုဒ်စာလေးကိုလာပြသည်။
"အင်း သားခန့်ကတော်သားပဲ...
ကိုကိုနောက်တစ်ပုဒ်ပေးမယ်နော်..""ဟုတ်.."
ရှင်းသန့်စာရေးပေးနေစဉ် ရှင်းသုတနောင်တစ်ယောက် သားခန့်အနောက်ကိုရောက်သွားသည်။
"ကိုခန့်နဲ့စာပြီးရင် ဆော့မယ်နော်.."
သားခန့်ပြောတာကို အရေးမလုပ်ဘဲ ခဲတံကိုယူကာ ကိုင်ကြည့်နေသည်။ ကြည့်ပြီး အောက်ကိုပြန်ချသည်။
"နောက်နေ့ကျ ကိုခန့်စာသင်ပေးမယ်နော်...
သင်မယ်မလား.."ခဲဖျက်လေးကိုကိုင်ကြည့်နေပြီး သားခန့်စကားကြားတော့ သားခန့်ကိုမော့ကြည့်လာသည်။ သခန်ရဲ့ထိပ်ကစည်းထားတဲ့ဆံပင်အစုလေးကို လက်သေးသေးလေးနဲ့ဆောင့်ဆွဲနေသည်။
"အ! သုတမလုပ်ရဘူးလေ...
အ! ကျွတ်ကုန်ပြီလားမသိဘူး သုတလွှတ်ပေးနော်.."သားခန့်ပြောလိုက်တော့ လက်သေးလေးလေးက လွှတ်ပေးလာသည်။
"သုတလေးက လိမ္မာလိုက်တာကွာ...
ကိုခန့် မနက်ဖြန်ကျောင်းကပြန်လာရင်မုန့်ဝယ်ခဲ့မယ်နော်.."သားခန့်ပြောသမျှကို သေချာကြည့်နေပြီး သားခန့်ကွန်ပါဘူးကို ကောက်ကိုင်လိုက်သည်။
"ယူမလို့လား သုတယူရင်ကိုခန့်ပေးမယ်လေ.."
"ဒေါက်!.."
သားခန့်စကားမဆုံးလိုက် ဒေါက်ခနဲ ကွန်ပါဘူးရိုက်လိုက်တာကြောင့် သားခန့်မှာအံ့သြလွန်းလို့ ဘာပြောရမှန်းမသိဖြစ်နေသည်။ နာသွားတဲ့နဖူးကိုလက်နဲ့ပွတ်ပြီး မျက်ရည်တဖြည်းဖြည်းဝဲလာတဲ့သားခန့်ကို ရှင်းသုတနောင်သေချာစိုက်ကြည့်နေသည်။
"ဟင့် ဟင့် ကိုကို ဟင့် သုတ သားကိုရိုက်တယ် ဟင့်.."
ရှင်းသန့်လည်း ဒေါက်ဆိုတဲ့အသံရော သားခန့်ရဲ့ငိုသံကိုပါကြားရတာကြောင့် စာအုပ်ကိုဘေးဖယ်ပြီး သားခန့်အနားကိုသွားလိုက်သည်။
"ရှင်းသုတနောင် ဘာလို့ကိုခန့်ကိုရိုက်တာလဲ?..
ဒီမှာကြည့်စမ်း ကိုခန့်နဖူးရဲသွားပြီ.."
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️