Part-17(Uni)

31.9K 2.4K 78
                                    

"ခင်ဗျားမရှက်ဘူးလား...
သူများအိမ်မှာအခုလိုသွားစားတာ.."

ဟိုနေ့က ကန်စွန်းရွက်လာဝယ်တဲ့အဒေါ်ရဲ့အိမ်မှာ အညာတရာမုန့်သွားစားတာမို့ အနောက်ကနေ နောင်လိုက်ခေါ်ခြင်းဖြစ်သည်။

"အဲ့ဒေါ်ဒေါ်ကခေါ်လို့သွားတာပဲကို...
မနက်ကအဲ့ဒေါ်ဒေါ်ကန်စွန်းရွက်လာဝယ်သေးတယ် လာခဲ့ဆိုလို့အားနာပြီးသွားတာပါ.."

"ဘာပဲဖြစ်ဖြစ်လေ ကိုယ်နဲ့သေချာမရင်းနှီးတဲ့လူတစ်ယောက်အိမ်ကိုအခုလိုသွားစားစရာလား.."

"အခုသွားတော့လည်း ဒေါ်ဒေါ်တို့ကသဘောကောင်းပါတယ် ကိုယ့်ကိုမုန့်တွေအများကြီးချကျွေးတာ...
နောင်သာလာမခေါ်ရင်အိမ်ကိုယူသွားဆိုပြီးထည့်ပေးဦးမှာ.."

"သြော် သြော် ကျုပ်လာခေါ်တာကအပြစ်ဖြစ်သွားတယ်ပေါ့.."

"အဲ့လိုသဘောမျိုးမဟုတ်ပါဘူး..."

"ခင်ဗျားပြောတာ အဲ့လိုအဓိပ္ပါယ်ပဲလေ..
မသိရင် ကျုပ်ကပဲခင်ဗျားကိုမကျွေးထားသလိုနဲ့.."

"အဲ့လိုမဟုတ်ပါဘူး.."

ရှင်းလေရှုပ်လေဆိုသလို နောင့်စကားတွေကိုရှင်းသန့်မရှင်းပြတတ်တော့။ ခြေလှမ်းအကျယ်ကြီးလျှောက်နေတဲ့နောင့်နောက်ကိုမှီအောင်လိုက်ကတာတစ်မျိုး ရစ်နေတဲ့နောင့်ကိုပြန်ရှင်းရတာတစ်မျိုး ရှင်းသန့်ခေါင်းကုတ်နေသည်။

"မြန်မြန်လာလေ ဘာလုပ်နေတာလဲ?...
ခင်ဗျားကိုလေ ဒီလိုမျက်နှာလေးနဲ့ ဒီလိုလိုက်စားတတ်မှန်းကျုပ်မထင်ထားဘူး.."

နောင့်စကားကြောင့် ရှင်းသန့်မျက်နှာစူပုတ်သွားသည်။ ဒါဟာ သူ့ကိုသွယ်ဝိုက်သောနည်းနဲ့ အငတ်ဆိုပြီးပြောသွားတာဖြစ်သည်။

"ဘယ်ကပြန်လာကြတာလဲ?...
အစ်မကရှိတယ်ထင်ပြီးအော်ခေါ်နေတာ.."

"ကျွန်တော်တို့လမ်းလျှောက်ထွက်တာမဖြူ.."

သူပြောလိုက်တော့ နောင်ကသူ့ကိုလှည့်ကြည့်လာသည်။ သူ့ကိုအငတ်ဆိုပြိးပြောမှာစိုးတာကြောင့် အခုလိုအရင်ပြောလိုက်ခြင်းဖြစ်သည်။

"ကောင်းတာပေါ့ ညနေလမ်းလျှောက်ထွက်တာကောင်းတယ်..."

မဖြူရဲ့ညနေဆိုမှ နောင်ရှင်းသန့်ကိုကြည့်လိုက်သည်။ ရှင်းသန့်ဘယ်အချိန်သွားလဲဆိုတာသူမသိပေမယ့် သူပြန်ရောက်တဲ့အချိန်ရှင်းသန့်မ့်မရှိတာမို့ သူလိုက်ခေါ်ရခြင်းဖြစ်သည်။ အိမ်မှာမရှိတာမို့ အချိန်ခဏစောင့်ပေမယ့်လည်း ပေါ်မလာတာကြောင့် သူလိုက်ရှာကြည့်တော့ ဒေါ်စိန်တို့အိမ်မှာအသံကိုကြားရလေသည်။ အပျိုကြီးတွေနဲ့စကားပြောနေတာ သူ့အသံကိုကျယ်လို့ ပြောရင်းရယ်သံတောင်ကြားရသေးသည်။ ဟိုအပျိုကြီးတွေနဲ့ ဘယ်လိုအပေါက်အလမ်းတည့်နေမှန်းတော့မသိ သူဝင်ခေါ်မှသာ အင်တင်တင်လိုက်လာသည်။ ဒါတောင် အပျိုကြီးတွေက "မောင်လူချောလေး နောက်နေ့လာလည်ဦး" တဲ့ လေ....

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now