နောင်နိုးလာတဲ့အချိန် ဘေးကိုလက်နဲ့စမ်းလိုက်တော့ လွတ်နေတာကြောင့် ဇက်ကိုချိုးကာနောင်ထလာသည်။
"ဝှါးးးးးးးးး
ဘာလို့အစောကြီးထသွားတာလဲမသိဘူး.."ကိုယ်လက်တွေကိုချိုးလိုက်ကာ နောင်အခန်းထဲကထွက်လာသည်။ ရှင်းသန့်ကိုမတွေ့ရတာကြောင့် နောင်လည်း မျက်နှာအရင်သစ်လိုက်သည်။ မျက်နှာသစ်ပြီးလို့ မီးဖိုဆောင်ဝင်လိုက်တော့မှာ ထမင်းအိုးတည်နေတဲ့ကျောပြင်လေးကိုတွေ့ရသည်။
"ရာရှင်းသန့့််..."
နောင်ခေါ်လိုက်တော့ ရှင်းသန့်ကလှည့်ကြည့်လာသည်။ မျက်နှာမှာလည်း သနပ်ခါးလိမ်းထားတာထူပိန်းနေသည်။ ကြည့်ရတာ ရှင်းသန့်တစ်ယောက် မနက်စောစောထပြီးရေချိုးထားတာဖြစ်လိမ့်မည်။
"နောင် နိုးလာပြီလား.."
ပြောပြီးတစ်ဖက်လှည့်သွားသည်။
နောင်လည်း ရှင်းသန့်အနားကိုလျှောက်သွားလိုက်ပြီး...
"ဒီဖက်ကိုလှည့်..."
"နောင်..."
ရှင်းသန့်ကိုယ်ကို သူနဲ့မျက်နှာချင်းဆိုင်ကိုလှည့်စေပြီး နောင်ကစေ့စေ့ကြည့်နေသည်။
"ဟာ ဘာလုပ်တာလဲ? နောင့်..."
အင်္ကျီကြယ်စေ့ကိုဖြုတ်နေတာကြောင့် ရှင်းသန့်လက်နဲ့တွန်းထားလိုက်သည်။
"ငြိမ်ငြိမ်နေစမ်းဗျာ...
ခင်ဗျားကိုယ်ကိုကြည့်ပေးမလို့....
ညကမှောင်နေတာနဲ့ဘာမှမမြင်လိုက်ရဘူး အခုကြည့်မလို့...""နောင်!.."
ရှင်းသန့်မျက်နှာလေးရဲသွားပြီး နောင်ရင့်ဘက်ကိုလက်သီးနဲ့ခပ်ဖွဖွထုမိလိုက်သည်။
အထုခံလိုက်ရတာကြောင့် နောင်ကသူ့ရင်ဘက်ကိုကြည့်ပြီး ရှင်းသန့်ကိုစိုက်ကြည့်နေသည်။ နောင်အကြည့်ကြောင့် ရှင်းသန့်လ့်လက်ကိုနောက်သို့ပို့ထားလိုက်ပြီး..
"နာသွားလို့လား..."
ရှင်းသန့်မ့်မရဲတရဲမေးလိုက်သည်။
"မနာဘူး ရိုက်ချင်သေးလားထပ်ရိုက်လေ...
ပြီးရင်ပြတော့..."သူ့ကိုစိတ်ဆိုးသွားပြီလို့ထင်နေခဲ့တာ..
အခုတော့ သူထင်တာမဟုတ်ဘဲ နောင်ကသူ့ကိုယ်ကိုကြည့်ဖို့အားသန်နေသည်။
ESTÁS LEYENDO
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasíaကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️