"နောင်နောင်ရယ် ထိုင်နေပါကွာ...
ဘာမှမဖြစ်ပါဘူး.."မီးဖွားခန်းရှေ့ ခေါက်တုန့်ခေါက်ပြန်လျှောက်နေတဲ့နောင့်ကို ကျော်ဇောလည်းထိုင်ခိုင်းလိုက်ရသည်။
"ရာရှင်းသန့် အဆင်ရောပြေရဲ့လားမသိဘူး..."
"ဘာမှမဖြစ်လောက်ပါဘူးကွာ...
စိတ်ကိုအေးအေးထား ဘုရားစာသာရွတ်..""အင်း.."
ကျော်ဇောပြောနေပေမယ့်လည်း နောင်ကတော့ ရှင်းသန့်ကိုစိတ်ပူနေသည်။ မနက်စောစောကတည်းက ဗိုက်နာလို့မျက်ရည်ကျနေရတဲ့ရှင်းသန့်ကိုကြည့်ပြီး သူလည်းနာကျင်နေသည်။
နောင်နဲ့အတူ ကျော်ဇောနဲ့နီလာလည်းအတူထိုင်စောင့်ပေးနေသည်။ မိနစ်ပိုင်းကြာပြီးနောက် နန္ဒထွက်လာသည်။
"ရာရှင်းသန့်ဘယ်လိုနေသေးလဲဆရာ.."
"ကလေးရောလူကြီးရော ကျန်းမာပါတယ်..."
"ဟူး.....တော်သေးတာပေါ့ဗျာ..."
"ဟို ဘာလေးမွေးလဲဟင်..."
"ယောက်ျားလေးပါ.."
နောင့်စိတ်ထဲအတိုင်းမသိပျော်သွားသည်။ သားလေး သားလေးတဲ့လား..
"အခုကျွန်တော်တို့ဝင်တွေ့လို့ရပြီလား.."
"အခုတော့တွေ့လို့မရသေးဘူး...
ခဏနေမှတွေ့လို့ရမယ်...""ဟုတ်ကဲ့ ဟုတ်ကဲ့..."
မယဉ်ကျေးစဖူး နောင်တို့ယဉ်ကျေးနေတာကြောင်း နန္ဒပြုံးလိုက်သည်။
"နောင်နောင် မင်းတော့ကလေးအဖေဖြစ်ပြီပေါ့..."
"ငါလည်း ဒေါ်လေးဖြစ်ပြီပေါ့ ဟီး..."
နီလာနဲ့ကျော်ဇောတို့ပျော်နေတာထက်ကို နောင်ကပိုပြီးပျော်နေသည်။
______________________
"ရာရှင်းသန့် ခင်ဗျားအဆင်ပြေရဲ့လား.."
"အင်း နောင်..."
"မထနဲ့ မထနဲ့ လှဲနေ.."
ထဖို့ပြင်နေတဲ့ရှင်းသန့်ကို ပြန်လှဲစေလိုက်သည်။
"သား သားရောဟင်.."
"နီလာနဲ့ကျော်ဇောသွားခေါ်တယ်...
ကျွန်တော်က ခင်ဗျားကိုလာကြည့်တာ.."
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️