တစ်ယောက်တည်းဆေးထည့်ပြီး ရှုံ့မဲ့နေတဲ့နောင့်ကိုကြည့်ပြီး ရှင်းသန့်မနေနိုင်တော့။"နောင် ကိုယ်ထည့်ပေးမယ်.."
ဆေးဘူးကိုယူလိုက်ပြီး နောင်လက်မောင်းကဒဏ်ရာဆီသေချာထည့်ပေးနေသည်။ နောင်လည်းစပ်တာကြောင့် ရှင်းသန့်ကိုမျက်နှာလွှဲထားလိုက်သည်။ သနပ်ခါးကို လက်၃ချောင်းနဲ့ပွတ်ထားပြီးလူးထားတာမို့ နောင့်နှာခေါင်းထဲသနပ်ခါးနံ့ရနေသည်။
"ရာရှင်းသန့့်် ခင်ဗျားအိမ်ကပေးစားတဲ့မိန်းမနဲ့ရဲ့ရရင် ခင်ဗျားဒီလိုပဲလုပ်ပးမှာလား.."
"ဟင် နောင်ကအဲ့တာကိုဘယ်လိုသိတာလဲ?.."
"ဒီလိုပဲကြားတာပေါ့...
ခင်ဗျား ကျုပ်နဲ့သာမရရင် ခင်ဗျားမိဘပေးစားတဲ့မိန်းကလေးကိုယူမှာပေါ့..""အင်း ယူဖြစ်ချင်လည်းယူဖြစ်မှာပေါ့...
ကိုယ့်အဲ့မိန်းကလေးကို တခါမှမမြင်ဖူးပါဘူး...
မေမေတို့သဘောတူတဲ့မိန်းကလေးဆိုတော့ ကောင်းတဲ့မိန်းကလေးပဲဖြစ်မှာပါ.."မြင်တောင်မမြင်ဖူးလိုက်တဲ့မိန်းကလေးတစ်ယောက်ကို အမွှန်တင်နေတာကြောင့် နောင့်မျက်နှာမဲ့ရွဲ့သွားသည်။
"နောင်ကဘာလို့မေးတာလဲ?..."
"မေးချင်လို့မေးတာပေါ့ မေးလို့မရဘူးလား.."
"ရပါတယ်.."
လက်မောင်းမှာစီးကျနေတဲ့ ဆေးရည်တွေကိုသုတ်ပေးနေပြီးပြောနေတဲ့ရှင်းသန့်ကဘေးတစောင်းမို့ ရှင်းသန့်ပါးပြင်ကိုကြည့်ပြီး နောင်သွားတွေယားလာသည်။
ရာရှင်းသန့့်် သူ့အိမ်ရောက်မှ အရင်ကထက်ပိုပြည့်လာသလိုပဲ..
နောင်မနေနိုင်တော့ ဆေးဘူးကိုသေချာသိမ်းနေတဲ့ရှင်းသန့်ရဲ့ပါး၂ဖက်ကို လက်နဲ့ကိုင်ပြီး ကိုက်လိုက်သည်။
"အာ့! အာ့! နောင်.."
ရှင်းသန့်မထင်ထားတာကြောင့် လန့်သွားသည်။ နောင်ကတော့ ပါးတစ်ဖက်ကိုက်ပြီးတာနဲ့နောက်တစ်ဖက်ကိုပါ ကိုက်လာသည်။ ရှင်းသန့်မျက်နှာမှာ သနပ်ခါးများပျက်သွားပြီး သွားရာကြီးထင်သွားလေသည်။
ESTÁS LEYENDO
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasíaကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️