"အင်းဟင်း အကို ဟင်း..."နောင်တစ်ယောက်အဖျားတက်ကာ တခုခုကိုရေရွတ်နေသည်။
"နောင် နောင်ဘာဖြစ်လို့လဲဟင်.."
"ဟင် အကို.."
သူရှေ့မှာထိုင်ကာ သူ့ကိုစိုးရိမ်စိတ်တွေနဲ့ကြည့်နေတဲ့အကို့ကိုတွေ့ရတော့ သူဝမ်းသာသွားသည်။ သူလှဲနေရာကနေ ချက်ချင်းကောက်ထလိုက်ပြီး အကိုနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်သည်။
"ကျွန်တော်တောင်းပန်ပါတယ် အကို..
ကျွန်တော့်ကိုထားမသွားပါနဲ့...""နောင် ငိုနေတာလား...
မငိုပါနဲ့နောင်ရယ်..""ကျွန်တော့်ကိုထားမသွားဘူးမဟုတ်ဘူးလားဟင်...
အကို ကျွန်တော့်ကိုဖြေပေးပါ...""ကိုယ်နောင့်ကိုထားမသွားပါဘူး..."
"ကျေးဇူး ကျေးဇူးတင်ပါတယ်အကို.."
နောင် ဝမ်းသာအားရနဲ့ပြေးဖက်လိုက်တော့ လက်ထဲပါလာသည်က အကို့ရင်ခွင်မဟုတ်ဘဲ ဗလာသက်သက်သာ။
"အကို ကျွန်တော့်ကိုမနောက်ပါနဲ့...
ကျွန်တော့်ကိုထားမသွားပါနဲ့အကို ကျွန်တော်တောင်းပန်ပါတယ်.."အရင်လိုဖက်ထားလို့ရတဲ့ခန္ဓာကိုယ်လေးလည်း သူ့ဘေးမှာမရှိတော့။
"အင်းဟင်း အကို အကို ဟင်း.."
"နောင်နောင် ဟေ့ကောင် နောင်နောင်.."
တကိုယ်လုံးချွေးတွေဖြင့်စိုရွှဲနေတဲ့နောင့်ကို ကျော်ဇောလှုပ်နှိုးလိုက်သည်။
"ချွေးတွေနဲ့ကွာ ဘယ်လိုဖြစ်ရတာလဲ?...
ဟာ ကိုယ်တွေကလည်းပူကျစ်နေတာပဲ...
မင်းအဆင်ပြေရဲ့လား.."ကျော်ဇောနှိုးလိုက်တော့ နောင်အခုမှနိုးလာသည့်အလား ဘာမှမပြောဘဲ ခေါင်းကိုအောက်စိုက်ထားသည်။
"ကျစ် ဒီလိုနေလို့လည်းဘာမှထူးလာမှာမှမဟုတ်တာကွာ...
ထ မျက်နှာသစ်...
ငါ နီလာ့ကိုဆန်ပြုတ်လာပို့ခိုင်းလိုက်မယ်..""ငါမသောက်ချင်ဘူး.."
ပြောပြီး အိပ်ယာပေါ်ပြန်လှဲသွားတဲ့နောင့်ကိုကြည့်ပြီး ကျော်ဇောခေါင်းသာခါလိုက်သည်။
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️