ငယ်လေးကတော့အသက်ပဲ၁၈နှစ်ပြည့်ပြီးနေပြီ ခုချိန်ထိသတိဝီရိယလဲမရှိဘူး။ခုလဲကြည့်ကျောင်းသွားရမှာကို ဒီချိန်ထိမထသေးဘူး။ကြည့်ပါဦးအိပ်ပျော်နေလိုက်တာ ကလေးတစ်ယောက်လိုပဲ။ချစ်စရာတော့ကောင်းသား သွန်းရဲ့ညီမငယ်လေးယွန်းနဒီမောင်....။"ငယ် ထတော့လေ ကျောင်းသွားရမှာမဟုတ်လား"
"ငယ်"
လူကိုအတင်းလှုပ်နိုးနေတဲ့ ငယ်ရဲ့မမ။
"အာ ဘာလဲမမ ငယ်မထချင်သေးဘူး ညကဇာတ်ကားကြည့်တာညဉ့်နက်သွားလို့ "
"ငယ်ဒီနေ့မနက်အတန်းပျက်လိုက်မယ်"
ငယ် အိပ်နေရာကမျက်လုံးမဖွင့်ပဲပြောလိုက်သည်။
"မရဘူးနော် ငယ်ထဆိုထ အတန်းချိန်ကိုအဲ့လိုမလေးမစားမလုပ်ပါနဲ့ သင်ပေးတဲ့ဆရာကိုမလေးစားရာကျတယ် ငယ်ကလိမ္မာပါတယ်ထထ"
ကျစ် မမကလုပ်ပြီ။ငယ် မထချင်ပဲပေကပ်ကပ်နဲ့ဇွတ်ပေနေလိုက်သည်။Uniမှာဘယ်ကျောင်းသားကများအတန်းချိန်မှန်မှန်တက်လို့လဲ။ငယ်က ခလေးမှမဟုတ်တော့ပဲ။
ငယ်ကchemistry second yearကျောင်းသူတစ်ယောက်ပါ။
ငယ့်ဖေဖေကမြို့ထဲမှာFamily Storeဆိုတဲ့နာမည်နဲ့ မင်္ဂလာခန်းဝင်ပစ္စည်းနဲ့ပရိဘောဂဆိုင်ဖွင့်ထားပြီးငယ်ရဲ့ မမသွန်းကဘွဲ့ရပြီးတော့ဖေဖေ့အလုပ်ကိုကူညီပြီးလုပ်ကိုင်ပေးနေလေရဲ့။ငယ်ကတော့တစ်အိမ်လုံးရဲ့အချစ်ဆုံး အချွဲဆုံးလေးပေါ့။
"ငယ် မထသေးဘူးလား ၁ ၂ ၃ ထိရေလို့မှမထရင် မမအကြောင်းသိမယ်နော်"
"အာ ထပြီ ထပြီ မမ "
ငယ်အိပ်နေရာက ကပျာကယာထလိုက်သည်။
မျက်နှာကြီးဆူပုတ်ကာ ထလာတဲ့ငယ့်ကိုကြည့်ပြီးသွန်းပြုံးလိုက်သည်။ဒီကောင်မလေး ဒီအရွယ်ထိကလေးဆန်နေတုန်း ။သူများတွေလိုချစ်သူရီးစားထားတာတွေဘာတွေလဲမရှိဘူး တစ်ကယ်ကိုဖြူစင်တဲ့ကလေးလေး။
"သွား သွားမျက်နှာသစ် ခုနနေငယ့်သူငယ်ချင်းတွေရောက်လာတော့မယ်"
ငယ်လေးတစ်ယောက် မျက်နှာကြီးစူပုတ်ကာ ပေစောင်းစောင်းနဲ့ ရေချိုးခန်းဘက်ထွက်သွားလေရဲ့။