စာမေးပွဲနီးလာတော့ သူဇာနဲ့ဆုမြတ်တို့ငယ့်အိမ်မှာစာလာလုပ်ကြလေသည်။ဘာလိုလိုနဲ့ငယ်တောင်စာမေးပွဲဖြေရတော့မယ်။
"ယွန်း..."
"ဘာလဲ"
"ဟီး နင့်ကိုတစ်ကယ်အားကျတယ်လို့"
စာလုပ်နေရင်းကအရင်းမရှိအဖျားမရှိပြောလာတဲ့သူဇာ။
"ဘာလဲ နင်ကဘာကိုအားကျတာလဲ"
"ဒီလိုလေဟာနင်ကနင်ချစ်တဲ့သူနဲ့တစ်အိမ်တည်းအတူနေရတော့နေ့တိုင်းဒချိ..ဒချိ အဟိ"
သူဇာကအမူအရာနဲ့လုပ်ပြပြီးရယ်နေလေသည်။
"ဟာ.. ကြည့်စမ်းကောင်စုတ်မ နှာဘူးမ ဘာတွေလျှောက်တွေးထင်နေတာလဲ မမနဲ့ငါကဖြူစင်တယ်ဟဲ့"
ငယ် ပေါက်တက်ကရပြောလာတဲ့သူဇာ့ကျောကိုလေးငါးချက်လောက်ဆင့်ရိုက်ပစ်လိုက်သည်။
"အမလေးဟဲ့ ဖြေးဖြေးနာတယ်ဟ အဆုတ်တွေလဲကွာကုန်ပါဦးမယ်"
"နာပါစေလေနာအောင်ရိုက်တာကို"
"ယွန်း နင်ရှက်ရမ်းရမ်းနေတာမလား"
ဆုမြတ်ကပါဝင်နောက်လေသည်။
"ဟဲ့ နင်တို့တွေဘယ်လိုဖြစ်နေကြတာလဲ နင်တို့စကားတွေကငါ့မမသိက္ခာထိခိုက်တယ်ဟဲ့ မမကဖြူစင်တယ်"
"ယုံပါတယ်မမသွန်းကို ငါတို့မယုံတာနင့်ကိုလေ"
"ဟာကြည့်စမ်း နင်တို့တွေ ဒီလိုပေါက်တက်ကရတွေဆက်ပြောနေမယ်ဆိုငါနင်တို့ကိုစာဆက်မရှင်းပြတော့ဘူး"
သူဇာနဲ့ဆုမြတ်တို့ပြာပြာသလဲဖြစ်သွားသည်။
"နင်ကလဲငါတို့ကနောက်တာကို အဲ့လိုလုပ်ရဘူးလေ"
"အေ့လေ ယွန်းကလဲအချင်းချင်းစတာကို"
ပြောရင်းသူဇာက ငယ့်အနားကပ်လာသည်။နီးကပ်လွန်းတာကြောင့်ငယ်နောက်ဆုတ်လိုက်သည်။
"ဘာလဲဟ ယွန်းနင်ဘာလို့နောက်ဆုတ်သွားတာလဲ"
"နင်အရမ်းတိုးလာတာကိုအေ့ နင့်နှာခေါင်းကြီးကငါ့မျက်နှာလဲလာထိနေပါဦးမယ်"
ယွန်းရဲ့စကားကြောင့် ဆုမြတ်တဟားဟားရယ်လေသည်။
"နင်မှန်မှန်ပြောစမ်းယွန်း နင့်အင်္ကျီကဘာလို့တအားလုံနေတာလဲမဟုတ်မှလွဲရောနင်တစ်ခုခုဖုံးကွယ်ထားတာမဟုတ်လား"