သွန်းဘာရယ်လို့မဟုတ်ပဲ ငယ်လေးအခန်းကိုဝင်ကြည့်လိုက်သည်တွင် မြင်လိုက်ရတဲ့မြင်ကွင်းကသွန်းရဲ့ရင်ကိုနင့်ခနဲဖြစ်သွားစေလေသည်။ငယ်လေးရဲ့တစ်ခန်းလုံးနီးပါး သွန်းပုံတွေအပြည့်ကပ်ထားပါလား။
ငယ်လေးသူမအပေါ် ဘယ်လောက်ထိချစ်ပြီးရူးသွပ်ခဲ့လိုက်သလဲ။ငယ်လေးရဲ့အချစ်တွေကိုခံစားမိလာသည်။
သွန်းစပ်စုချင်စိတ်နဲ့ ငယ်လေးရဲ့စာကြည့်စားပွဲအံဆွဲထဲမှ ငယ်လေးရဲ့ဒိုင်ယာရီစာအုပ်လေးကိုထုတ်ယူလိုက်သည်။ကျင့်ဝတ်အရ ဖွင့်မဖတ်ကြည့်သင့်မှန်းသွန်းသိပေမယ့် ငယ်လေးနဲ့သူမကသူစိမ်းတွေမှမဟုတ်ပဲလေ...။ငယ်လေးရဲ့ခံစားချက်တွေကို သိချင်မိတာကြောင့် သွန်း ငယ်လေးရဲ့ဒိုင်ယာရီကိုဖွင့်ဖတ်ကြည့်လိုက်မိသည်။
ငယ်လေးခံစားချက်နဲ့ရေးထားခဲ့တဲ့စာတွေဖတ်ရင်း သွန်းမျက်ရည်ကျမိသည်...။ဒီကလေးမသွန်းအပေါ်အရမ်းချစ်ခဲ့တာပါလား...။တဖြည်းဖြည်းနဲ့ သွန်းရဲ့မှတ်ဉာဏ်ထဲမှာ ငယ်လေးနဲ့ချစ်ခဲ့တဲ့ပုံရိပ်လေးတွေပြန်မြင်ယောင်လာသည်...။
ဟုတ်တယ် သွန်းမှတ်မိပြီ။သွန်းမှတ်ဉာဏ်တွေဆုံးရှုံးလိုက်ရကတည်းကသွန်းဘဝမှာအရေးကြီးဆုံးအရာတစ်ခုကိုဆုံးရှုံးလိုက်သလိုပဲခံစားခဲ့ရတာ....။အခုတော့သွန်းသိပြီ .... အဲ့ဒါငယ်လေးရဲ့အချစ်တွေပဲ...။
ချစ်တယ်ငယ်လေး...မမပြန်မှတ်မိပြီ...။ မမငယ်လေးကိုအကြာကြီးမေ့လျော့ပြီးနေခဲ့မိလို့ တောင်းပန်ပါတယ်ငယ်လေးရယ်...။
~~~~~~~~~~~~~~~~~~~~~~
ဒီနေ့ကငယ့်သူငယ်ချင်းပြည့်စုံနဲ့ကိုစိုင်းတို့ရဲ့မင်္ဂလာနေ့မို့ မမကိုထားပြီးအိမ်ကထွက်ခဲ့ရပေမယ့်ငယ်မမကိုစိတ်မချပေ။မမငယ့်ဆီကပြန်ထွက်ပြေးသွားမှာကိုစိုးရိမ်မိသည်။
ငယ်အိမ်ကိုပြန်ရောက်တာနဲ့ မမကိုတန်းရှာမိသည်။
"မမ"
"မမ"
မမအခန်းမှာရှာတော့မမကမရှိပေ။ငယ်တစ်အိမ်လုံးအနှံ့ပတ်ပြီး မမကိုရှာနေမိသည်။မေမေ့ကိုတွေ့တော့ငယ် စိုးရိမ်တကြီးမေးမိသည်။